ဝါရှင်တန် – မေ(၅) 

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်အသစ်ပစ်လွှတ်တာနဲ့ပတ်သက်ပြီး မေလအတွင်း  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်စေလိုတယ်လို့ ကုလသမဂ္ဂဆိုရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်- ဂရင်းဖီးလ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားကို ဆေးရွက်ကြီးနဲ့ ရေနံတင်ပို့မှု ထက်ဝက်လျှော့ချဖို့အပါအဝင် မြောက်ကိုရီးယား ဟက်ကာအဖွဲ့ လာဇရပ်စ် ကိုအမည်ပျက်စာရင်သွင်းဖို့ အမေရိကန်ပြည် ထောင်စုက လွန်ခဲ့တဲ့လက အဖွဲ့ဝင်(၁၅) ဦးပါကောင်စီကို ကနဦးဆုံးဖြတ်ချက်မူကြမ်းကို ပေးပို့ ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ရုရှားနဲ့ တရုတ်တို့ကတော့ မြောက်ကိုရီးယားကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မတ်လအတွင်း တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်တာနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်တာကို ဆန့်ကျင်တဲ့ အရိပ်အရောင်ပြထားပါတယ်။ 

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ခုမှာ ရုရှား၊တရုတ်၊ပြင်သစ်၊ဗြိတန်နဲ့ အမေရိကန်တို့ကို ဗီတိုအာဏာအသုံးမပြုဘဲ အတည်ပြုဖို့ ထောက်ခံမဲ (၉) မဲ လိုတယ်လို့ သိရပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ မေလအတွက်လုံခြုံရေးကောင်စီရဲ့ ဥက္ကဌ တာဝန်ယူမှာ ဖြစ်တဲ့ အတွက် ဒီလထဲမှာ ဆုံးဖြတ်ချက်အတိုင်းရှေ့ဆက်သွားဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန် သံအမတ်ကြီး လင်ဒါသောမက်စ်-ရင်းဖီးလ်ဒ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အခြေအနေတွေအတွက် ကျွန်တော်တို့ စိုးရမ်းနေရပြီး မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွ ကို ရှုတ်ချဖို့အတွက် ကောင်စီကို စည်းလုံးညီညွတ်စွာ ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောပါသေးတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေအတွက် ရန်ပုံငွေ ဖြတ်တောက်ဖို့ ကြိုးပန်းမှုမှာ ကုလလုံခြုံရေးကောင်စီက အရှိန်အဟုန်နဲ့ လုပ်ဆောင် ခဲ့တဲ့အတွက် ၂၀၀၆ ခုနှစ်တည်းက ပိတ်ဆို့အရေးယူခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင် ခရစ်ပတိုငွေကြေးလဲလှယ်မှု ကနေ ဒေါ်လာသန်းရာနဲ့ချီရရှိထားတယ်လို့ကုလသမဂ္ဂ ပိတ်ဆို့စောင့်ကြည်လေ့လာသူတွေက ပြောဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.