May 2022

အနိုင်ရ ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲ ရလဒ်ကို ထိုင်းရွေ/ကော်မှ ထုတ်ပြန်ကြေငြာရန် ရက်ရွှေ့ဆိုင်း

ဘန်ကောက်၊ မေ ၃၁ ဘန်ကောက်မြို့တော်ဝန်ရွေးကောက်ပွဲရလဒ် ကြေငြာမယ့်ရက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွှေ့ဆိုင်းထားကြောင်း ဒေသတွင်း သတင်းများက အစီရင်ခံထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နာ ဆန်ထတ် ဆီရီရန်နန်ပိုင်ဘွန်က သတင်းထောက်များသို့ ပြောကြားရာတွင် ရွေးကောက်ပွဲရလဒ်ကြေငြာခြင်းကို တနင်္လာနေ့ ရွေးကော်အစည်းအဝေးမှာ ကြေငြာနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အနိုင်ရမြို့တော်ဝန် ချတ်ချာဆစ်တစ်ပန့်တ်ကို ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပြီး နောက်ထပ် ဆက်စပ်အစည်းအဝေး…

ရုရှားအပေါ်ပတ်ဆို့အရေးယူမှုဆိုင်ရာ ဥရောပသမဂ္ဂ အစည်းအဝေးမတိုင်မီ နှစ်လကျော်အတွင်း ရေနံစျေးအမြင့်ဆုံးရောက်ရှိ

မော်စကို – မေ(၃၁) နှစ်လကျော်အတွင်း ရေနံစျေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားကို ပိတ်ဆို့အရေးယူပြီး ရေနံတင်သွင်းမှုတားမြစ်ရေး သဘောတူညီ ချက်ကို ဥရောပ သမဂ္ဂက စွမ်းဆောင်နိုင်ဖို့ ကုန်သည်တွေက စောင့်ကြည်နေကြပါတယ်။ ယူကရိန်းကို ကျုးကျော်မှုအတွက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှု ခြောက်ခုမြောက်အစီအစဉ် ကိုဆွေးနွေးဖို့ အီးယူဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။…

အင်ဒိုနီးရှား မက်စ်ပီယမ်ဘဏ်ရဲ့အကြီးစားအစုရှယ်ယာ ထိုင်းကာကီကွန်ဘဏ်ဝယ်ယူ

ဘန်ကောက် – မေ(၃၁) ထိုင်းနိုင်ငံမှာ ဒုတိယအကြီးဆုံးပိုင်ဆိုင်မှုရှိနေတဲ့ ကာဆီကွန်ဘဏ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မက်စ်ပီယမ်ဘဏ်ကနေ ဘတ်(၇.၅) ဘီလျံတန်ဖိုးရှိတဲ့ အကြီးစားအစုရှယ်ယာတွေကို ဝယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကတဆင့် ကာစီကွန်ဘဏ်ဟာ အင်ဒိုနီးရှားလုပ်ငန်းစု မက်စ်ပီယန် စာရင်းဝင် လက်ရုံးဘဏ်ခွဲတစ်ခုက စုစုပေါင်း အစုရှယ်ယာအနက်မှ (၆၇.၅) ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ အပြီးသတ်ဖို့စီစဉ်ထားပြီး ဒီရောင်းဝယ်မှုကို Karsikoen…

စစ်ရှောင်ပြည်သူအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ KNU ပြော

ဘားအံ၊ မေ ၃၁ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ လေးခုအတွင်းက သွားလာရခက်ခဲ့တဲ့နေရာတွေမှာ ရှိနေတဲ့ စစ်ဘေး ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေတွေအတွင်းမှာ စစ်ကောင်စီနဲ့နယ်ခြားစောင့်တပ် BGF တွေက နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေတာကြောင့် နယ်မြေခံ KNLA KNDO ပူပေါင်းတပ်ဖွဲ့တို့နဲ့ နေ့စဉ်ထိတွေ့ပစ်ခတ်မှုတွေ…

ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကိုအကန့်အသတ်နဲ့ ဖွင့်လှစ်သွားမယ်။

တိုကျို – မေ(၁၈) ဂျပန်နိုင်ငံရဲ့ ခရီးသွားကဏ္ဍအပြည့်အဝပြန်လည်ဖွင့်လှစ်ချိန်မတိုင်မီမှာ သတင်းအချက်အလက် စုဆောင်းတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အကန့်အသတ်နဲ့သာခွင့်ပြုတဲ့ စမ်းသပ်ခရီးသွားကဏ္ဍကို မေလအတွင်းစတင်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ခရီးသွားကဏ္ဍဟာ ဂျပန်နိုင်ငံစီးပွားရေးရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမယ့် ကိုဗစ်ကပ်ဘေး စတင်ျိန်၂၀၂၀ ခုနှစ်တည်းက နယ်စပ်မျဉ်းတွေကို ပိတ်ထားခဲ့ရပြီး ခရီးသွားဧည့်သည်တွေကို ပြန်လည်ဝင်ရောက်ခွင့်တော့ မပြုသေးပါဘူး။ ကျောင်းသားကျောင်းသူတွေနဲ့ တချို့သော လုပ်ငန်းကိစ္စနဲ့ ခရီးသွားလာသူတွေကို ခွင့်ပြုနိုင်ဖို့ မူဝါဒတချို့ကို အနည်းငယ်ဖြေလျော့ထားခဲ့ပြီး…

ဘရာဇီးလ်နိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် လူလေးဆယ်ကျော်သေဆုံးပြီး ငါးဆယ်ကျော် ပျောက်ဆုံးနေ

ဘရာစေးလေးယား- မေ(၃၀) ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာမိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လူ(၄၄) ဦးထက်မနည်းသေဆုံး ခဲ့ပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေ ကိုဆက်လက်ရှာဖွေတာတွေလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသဘာဝဘေးအန္တရာယ်ဟာ ဘရာဇီးလ်နိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရာသီဥတုကြောင့် သေကြေခဲ့ရတဲ့ မြေပြိုမှု၊ရေကြီးမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြစ်ချောင်းတွေလျှံတက်ပြီး မြေပြိုမှုတွဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ(၂၈) ဦးသေဆုံးခဲ့ပြီး ပြီးခဲ့တဲ့…

ဖိလစ်ပိုင်ကမ်းလွန်မှာ ငါးဖမ်းလှေနဲ့ကုန်တင်င်္ဘော တိုက်မိလို့ ငါးဖမ်းသမား(၇) ဦးပျောက်ဆုံးနေ

မနီလာ – မေ(၃၀) ဖိလစ်ပိုင်နိုင်ငံကမ်းလွမ်ပင်လယ်ပြင်မှာ ငါးဖမ်းလှေနဲ့ ကုန်တင်င်္ဘော တိုက်မိခဲ့တဲ့ အတွက် ငါးဖမ်းလှေပေါ်ပါတဲ့ လူ(၇) ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မာရှယ်ကျွန်းစုအလုံပုံပြထားတဲ့ MV Happu Hiro ကုန်တင်င်္ဘော နဲ့ ဖိလစ်ပိုင်ငါးဖမ််း လှေဟာ ပြီးခဲ့တဲ့ စနေနေ့က ပလတန်ကျွန်းရဲ့အရှေ့ဘက်မှာ တိုက်မိခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ ငါးဖမ်းစက်လှေဟာ ဆူလူပင်လယ်အတွင်းမှာ…

ဩစတြေးလျရဲ့ ပစိဖိတ်ကျွန်းစုများ အစီအစဉ်ကတိပြုထားချိန်ဆာမိုအာနိုင်ငံနဲ့ တရုတ် သဘာတူညီမှုလက်မှတ်ရေးထိုး

ကန်ဘာရာ – မေ(၂၉) ပစိဖိတ်ဒေသတွင်း ကျယ်ပြန့်တဲ့ အစီအစဉ်ရှိတယ်လို့ ဩစတြေးလျခေါင်းဆောင်သစ်က ပြောဆိုနေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆာမိုအာ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ခိုင်မာစေဖို့ မေလ(၂၈) ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ မကြာသေးခင်က ချုပ််ဆိုခဲ့တဲ့ ဆော်လမွန်ကျွန်းစုနဲ့ လုံခြုံရေးသဘောတူစာချုပ် ကို အကောင်အထည်ဖော်နေပြီး အမေရိကန်နဲ့ သူ့တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ဩစတြေးလျလို နိုင်ငံတွေက ဘေဂျင်းအစိုးရရဲ့ စစ်ရေးတိုးမြှင့်လာမှာကို…

မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ပြီလို့ နိုင်ငံပိုင် မီဒီယာကြေငြာ

ပြုံယမ်း – မေ(၂၉) မြောက်ကိုရီးယားရဲ့ ကိုဗစ် – 19 ပျံ့နှံ့ကူးစက်မှုဟာ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပြီး ကျန်းမာရေး လုပ်သားတွေအနေနဲ့ စစ်ဆေးတာနဲ့ ကုသတာတွေကို အထူးဆောင်ရွက်ထားတဲ့အတွက် ကူးစက်မှုနှုန်းတွေ ကျဆင်းသွားပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ် ကျွမ်းကျင်ပညာရှင်တွေကတော့ ကမ္ဘာ့အဆိုးရွားဆုံး ကျမ်းမာရေးစနစ်နဲ့ အထီးကျန်နိုင်ငံတစ်နိုင်ငံ ရဲ့ကိန်းဂဏန်းတွေကို မေးခွန်းထုတ်ထားပြီး ကိုဗစ်ဆေးဝါးနဲ့ အကြီးစားစစ်ဆေးမှုတွေကို လုပ်ဆောင်…