ကိယက်ဗ် – ဧပြီ(၂၉) 

ရုရှားကျူးကျော်ခဲ့ချိန်မှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခံခဲ့ရတဲ့ ယူကရိန်းအတွက် တရားမျှတမှုဖော်ဆောင် နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံအများအပြားနဲ့အဖွဲ့အစည်းတွေက ကတိပေးပြောဆိုခဲ့ကြပါ တယ်။ 

လက်ရှိမှာ ယူကရိန်းအစိုးရရှေနချုပ်က စစ်နဲ့ဆက်နွယ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုပေါင်း(၈၀၀၀) ကျော်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

“ကျွန်မရဲ့ရိမ်မှုက ကျွန်ုပ်တို့တွေ နေ့တဒူဝ ရှုပ်ထွေးလာကြပြီး အာရုံပျံ့လွင့်လာမယ်၊ စစ်ပွဲအပါ် အာရုံထားမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းလာပြီး လူတွေက နည်းနည်းတော့ ထုံလာလိမ့်မယ်” လို့ လက်ဘနွန်- ဗြိတိန်ရှေ့နေ ကလိုနေးက လုံခြုံရေးကောင်စီအလွတ်သဘောအစည်းအဝေးမှာ ပြောပါ တယ်။ 

ဒါ့အပြင် နိုင်ငံရေးသမားတွေတရားမျှတမှုကိုတောင်းဆိုနေပေမယ့် ဆောင်ကျဉ်းနိုင်တာမရှိတဲ့အတွက် လည်း ကြောက်ရွံတယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။ 

ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ကျူးလွန်သူတွေကို တုံ့ပြန်ရင်း တစ်ယောက်တည်း အဆုံးသတ်သွားဖို့ရှိ နေတယ်လို့ တရားမျှတမှုဆိုင်ရာ ကလိုနေးဖောင်ဒေးရှင်းဦးဆောင်သူ ရှေနေမင်းသားဂျော့ရ်ကလိုနေး က ပြောပါတယ်။ 

အယ်လ်ဘေးနီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း ရာဇဝတ်မှုတွေကို ကျူးလွန်ထားသူတွေအနေနဲ့တာဝန် ခံရမယ်လို့ ပြောဆိုထားပါတယ်။ 

“ဥပဒေဟာ ဘက်ပေါင်းစုံအတွက် တန်းတူရည်တူ အကျုံးဝင်မှာဖြစ်ပြီး ယူကရိန်းဖြစ်ဖြစ် ဒါမှမဟုတ် ရုရှားဖက်ဒရေးရှင်းမှာပဲဖြစ်ဖြစ် ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးဟာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ရှင်းလင်းတဲ့ တာဝန်တွေ ရှိပါတယ်” လို့ ကုလလူ့အခွင့်အရေးဆိုင်ရာ 

မဟာမင်းကြီးမီချယ်ဘတ်ချီလစ် ကပြောပါတယ်။ 

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ ပေါက်ကွဲစေတက်တဲ့ လက်နက်တွေအသုံးပြုခဲ့တဲ့အတွက် ထိခိုက်ခံ စားခဲ့ရသူတွေဖြစ်ပြီး ပြင်းထန်တဲ့ အမြောက်တွေ၊ဒုံးကျည်တွေနဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့်ဖြစ် တယ်လို့ သူကပြောပါသေးတယ်။ 

နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရဲ့အစိုးရရှေနေ က ယူကရိန်းနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း (၄၃) နိုင်ငံရဲ့မှတ်တမ်းတွေကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

ရုရှားကလည်း ယူကရိန်းကို ချိုးဖောက်မှုတွေကျူးလွန်နေတယ်လို့ စွပ်စွဲထားပြီး ICC ကိုဘက်လိုက်တယ် လို့ယူဆကြောင်းထုတ်ပြန်ထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.