ဂျာကာတာ- ဧပြီ(၂၆)

အင်ဒိုနီးရှားနိုင်ငံပြည်တွင်းစျေးကွက်အတွင်းစားသုံးဆီထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့မှုနဲ့ တက်နိုင်စွမ်းတို့ကို သေချာစေဖို့အတွက် ပြည်ပနိုင်ငံတွေကို ဆီအုန်းတင်ပို့မှုတွေကို ယာယီရပ်ဆိုင်းမယ့်အစီအစဉ်တစ်ရပ်ချမှတ် ခဲ့တာကို အင်ဒိုနီးရှား ဆီအုန်းထုတ်လုပ်သူများအသင်းက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးဆီအုန်းထုတ်လုပ် တင်ပို့သူတွေဟာ ပြည်တွင်းစျေးကွက်ကျဆင်းအောင် လုပ်ဆောင်နိုင်ဖို့ လာမယ့် ဧပြီလ(၂၈) ရက်နေ့ကစပြီး စားသုံးဆီနဲ့ ကုန်ကြမ်းပစ္စည်းတွေပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းထား မှာဖြစ်တယ်လို့ သမ္မတဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ပြန်ထားပါတယ်။

အင်ဒိုတောင်သူလယ်သမားသမဂ္ဂကတော့ အစိုးရရဲ့ ယာယီတားမြစ်ချက်ကိုအားပေးထောက်ခံခဲ့ပြီး ပြည်တွင်းလိုအပ်ချက်တွေကို ပြည့်မီအောင်လုပ်ဆောင်ဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ပြည်တွင်းဆီအုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

 “ကျွန်ုပ်တို့သည် ပြည်တွင်း စားသုံးဆီထောက်ပံ့ရေးကို ‌သေချာစေရန် သမ္မတ မှ သတ်မှတ်ထားတဲ့ အတိုင်းအတာများအပေါ် အယုံအကြည်ရှိပါတယ်” လို့ သမဂ္ဂအတွင်းရေးမှူးက ထုတ်ပြန်ချက်တစ်ရပ်မှာ  ပြောခဲ့ပါတယ်။

စီးပွားရေးပညာရှင်တွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေရရှိမှုတွေမှာ အရှုံးပေါ်နေတာတွေအတွက် သတိပေးထားချိန်မှာ သန်းနဲ့ချီတဲ့ အသေးစားလယ်သမားတွေကို ထိခိုက်စေမယ့် တားမြစ်ချက်ကို ဝေဖန်ထားကြပါတယ်။

အစိုးရအနေနဲ့ အဲဒီတားမြစ်ချက် ဘယ်လောက်ကြာပြီးဆီအုန်းထွက်ကုန်တွေကို တားမြစ်ခဲ့တာတွေနဲ့ပတ် သက်ပြီး အခုထိတော့ တရားဝင်ပြောဆိုတာမရှိသေးပါဘူး။

ဝယ်လိုအားမြင့်တက်ချိန်မှာ စားအုန်းဆီကြမ်းရဲ့ ကမ္ဘာလုံးဆိုင်ရာစျေးနှုန်းဟာ ဒီနှစ်မှာ သမိုင်းတွင်နှုန်းထား တွေအထိမြင့်တက်ခဲ့ပြီး အဓိကထုတ်လုပ်သူတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှားတို့မှာလည်း ထွက်ကုန်တွေ နည်းပါးနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ စားသုံးဆီလက်လီစျေးကွက်မှာ (၄၀) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဇန်နဝါရီလနှောင်းပိုင်း နဲ့မတ်လအလယ်ထိ အထောက်အပံ့တွေနဲ့ ပြည်ပပို့ကုန်ကန့်သတ်ချက်အပါအဝင် စျေးကွက်တွေကို ထိန်းချုပ်ဖို့ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်တွင်းစျေးကွက်ကျဆင်းရေးမှာ အရှုံးနဲ့ ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့စျေးကွက်အတွင်းစျေးနှုန်းမြင့်တက်မှုကိုလည်း ပိုမိုဆိုးရွားလာစေခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဆီအုန်းတင်ပို့မှုဟာတစ်လကို အမေရိကန်ဒေါ်လာ (၃) ဘီလျံ ရှိတယ်လို့ သိရပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.