ဘန်ကောက်- ဧပြီ(၁၁)

ကိုဗစ်ကြောင့် (၂) နှစ်ကျော်ရပ်နားထားရတဲ့ ဟာဂျ့်ဘာသာရေးအခမ်းအနား ကို ပြည်တွင်းပြည်ပ မွတ်ဆလင် တစ်သိန်းကို ခွင့်ပြုပေးသွားမယ်လို့ ဆော်ဒီနိုင်ငံက ကြေငြာထားပါတယ်။

အခုထုတ်ပြန်ချက်ဟာ ၂၀၁၉ ခုနှစ်တည်းက ဘုရားဖူးခွင့်မရတော့တဲ့ မွတ်ဆလင် အများစုအတွက် သတင်းကောင်းဖြစ်ပါတယ်။

ဟာဂျ့်အခမ်းအနားဟာ ကမ္ဘာ့အကြီးဆုံးစုဝေးမှုတွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က လူ၂.၅ မီလီယံအထိစုဝေးနိုင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်-19 ကြောင့် ဆော်ဒီအာဏာပိုင်တွေက ဘုရားဖူး (၁၀၀၀) ကိုသာ ခွင့်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ နိုင်ငံသားတွေနဲ့ ကာကွယ်ဆေးထိုးထားသူတွေကို ကံစမ်းမဲစနစ်နဲ့ လူဦးရေ (၆၀၀၀၀) အထိ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဂျုလိုင်လမှာ ပြုလုပ်မယ့် ဘာသာရေးအခမ်းအနားမှာ ပါဝင်သူတွေကို အသက်(၆၅) နှစ်အောက် ကာကွယ်ဆေးထိုးပြီးသူ မွတ်ဆလင်တွေဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆော်ဒီပြင်ပက လာရောက်သူတွေအနေနဲ့ ဒီနှစ်ဟာဂျ်ဗီဇာလျှောက်ထားတဲ့အခါ ခရီးထွက်မလာရင် (၇၂) နာရီအတွင်းစစ်ဆေးထားတဲ့ ကိုဗစ်-19 ကင်းစင်တဲ့ (PCR) ဓာတ်ခွဲအဖြေ တင်ပြဖို့ လိုအပ်မှာဖြစ်တယ်လို့သိရပါတယ်။

ကမ္ဘာတဝှမ်း က မွတ်ဆလင်အများအပြားနဲ့ ကျင်းပမယ့် ဟာဂျ့်မှာ Pilgrims  ရဲ့  လုံခြုံရေး တိုးမြှင့်လုပ်ဆောင်လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုဗစ်-19  ထိန်းချုပ်ဖို့ အတွက် ဟာဂျ် ဘုရားဖူးတွေကို  အုပ်စု(၂၀)  ခွဲပြီး ဝတ်ပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.