ဘန်ကောက် – ဧပြီ(၁)


Facebookပိုင်ရှင် Meta ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်က တရားဥပဒေစိုးရေးရေးအရာရှိတွေလို့ ဟန်ဆောင်ထားတဲ့ ဟက်ကာတွေကို သုံးစွဲသူတွေရဲ့အချက်အလက်တွေ ပေးအပ်ခဲ့တယ်လို့ ကုမ္ပဏီသတင်းရင်းမြစ်တစ်ခုက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဟက်ကာတွေက Meta ကိုပစ်မှတ်ထားပြီး Apple ကုမ္ပဏီဟာလည်း သုံးစွဲသူတွေရဲ့ အချက် အလက်တွေကို ပေးအပ်ထားရတယ်လို့Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။

Apple နဲ့ Meta တို့ဟာ အဲ့ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်ထားတာမရှိပေမယ့်သတင်းအချက်အလက်တောင်းဆိုမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ မူဝါဒတွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။



အမေရိကန်ဥပဒေစိုးမိုးရေးအရာရှိတွေအနေနဲ့ ဆိုရှယ်မီဒီယာ အကောင့်ပိုင်ရှင်ဒါမှမဟုတ်ဖုန်းနာပါတ် တစ်ခုရဲ့ အချက်အလက်တွေကို လိုချင်ရင် တရားရုံးကနေ ဆင့်ခေါ်စာ တရားဝင်တင်ပြရမှာဖြစ်တယ်လို့ဆိုက်ဘာကျွမ်းကျင်သူ ဘရိန်ခရပ် က ပြောပါတယ်။

အရေးပေါ်အခြေအနေတွေမှာတော့ အာဏာပိုင်တွေဟာ တရားဝင်သုံးသပ်စစ်ဆေးမှု အများစုကို ကျော်ဖြတ်ပြီးတရားရုံးက အတည်ပြုထားတဲ့ အထောက်အထားတွေကို အရေးပေါ်တောင်းဆိုတာတွေ ပြုလုပ်နိုင်တယ်လို့လည်း သူကပြောပါသေးတယ်။

Meta ဟာ အချက်အလက်တောင်းဆိုမှုတိုင်းကို ပြန်လည်သုံးသပ်ပြီး ဥပဒေစိုးမိုးရေးအရ တရားဝင်စေဖို့နဲ့ အလွဲသုံးစားပြုတာတွေကို စစ်ဆေးဖို့ အဆင့်မြင့်နည်းစနစ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကို အသုံးပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ဆိုက်ဘာလုံခြုံရေးပြသနာအမှုပေါင်း (၁၈၀၀၀) လောက်ရှိ နေတယ်လို့ သိရပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.