March 22, 2022

ယူကရိန်းအရေးအတွက် ဟခိဗ်က ဆရာဝန်ကို အင်စတာဂရမ်အကောင့်အသုံး ပြုခွင့်ပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းဟာသူ့ရဲ့ဖော်လိုဝါ (၇၁.၅)သန်းရှိတဲ့ အင်စတာဂရမ်အကောင့်ကို ယူကရိန်းပြည်သူတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့အတွက် ဟခိဗ်မြို့က ယူကရိန်းဆရာဝန်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားဟောင်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း ရဲ့ အင်စတာဂရမ် စတိုရီမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ တစ်ရက်လုံး ပဋိပက္ခတွေကြားမှာ တစ်ရက်တာ အလုပ်ခွင်အတွင်း ဒေသဆိုင်ရာ မွေးကင်းစကလေးဌာနအကြီးအကဲဖြစ်သူ ကလေးမေ့ဆေးဆရာဝန် Iryna တို့ရဲ့အကြောင်းအရာဗီဒီယို နဲ့ဓာတ်ပုံတွေ ပဲတင်ခဲ့တယ်လို့ သိရပါတယ်။ Iryna ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ အင်စတာဂရမ်မှာ…

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ကန့်ကွက်ခံရ

ရန်ကုန်၊ မတ် ၂၂ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်ကို ဆန်ကျင်နေတဲ့ သပိတ်အင်အားစုအဖွဲ့ ၃၆ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အာဆီယံအပါအဝင် အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေအပေါ် ချက်ချင်းရပ်တန့် ရေးအတွက် တိုက်တွန်းတောင်းဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။ ဒါကြောင့် အာဆီယံ…

မွန်ညီညွတ်ရေးပါတီ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ထုတ်ပြန်ကြေညာ

မော်လမြိုင် ၊ မတ် (၂၂) မွန်တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက သူတို့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာတော့ ဥပဒေဘောင်အတွင်း နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ သိမ်မွေ့ညင်သာတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့နဲ့ မည်သည့်နိုင်ငံရေး အချိုးအကွေ့အလှည့်အပြောင်းမဆို…