ဝါရှင်တန်၊ မတ် ၁၀

ကိုဗစ် ၁၉ ရောဂါကြောင့် ထိုင်း၊ ဟောင်ကောင်နှင့် နယူးဇီလန်နိုင်ငံများကို အမေရိကန်နိုင်ငံသားများ လည်ပတ် ရန်မသင့်သော စာရင်းထဲတွင် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာမှ ထည့်သွင်းခဲ့သည်။

CDC သည် ထိုင်းနှင့် အခြားနှစ်နိုင်ငံကိုလည်း အမြင့်ဆုံး အဆင့် Level 4 အဖြစ် ထုတ်ပြန်ထားခဲ့သည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် စုစုပေါင်း နိုင်ငံ ၁၃၅ နိုင်ငံများနှင့် နယ်နိမိတ်များသို့ ခရီးသွားခြင်း မပြုရန် CDC မှ တောင်းဆိုခဲ့သည်။

Level 3 မြင့်မားသော အဆင့်တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံကိုထည့်သွင်းထားပြီး ကာကွယ်ဆေးမထိုးထားသော နိုင်ငံသားများအနေဖြင့် ခရီးသွားရန် မသင့်တော်ဘူးလို့ ပြောဆိုထားသည်။

“သင်တို့အနေဖြင့် ထိုင်းနိုင်ငံသို့သွားမယ်ဆိုရင် ကာကွယ်ဆေးထိုးနှံထားကြဖို့နှင့် ခရီးမထွက်ခွာခင် သင်ရဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးများဟာ အချိန်ကျ ထိုးနှံထားရဲ့လား သေချာအောင် လုပ်ဖို့လိုပါတယ်။ ဟု ပြောသည်။

တကယ်လို့မှ ကာကွယ်ဆေးတွေဟာ အချိန်ကျ ထိုးနှံထားရင်တောင်မှ ပျံ့နှံ့နေတဲ့ ကိုဗစ်ကို ကူးစက်ဖို့ အန္တရာယ် ဖြစ်နိုင်ချေ ရှိနေပါသေးတယ်” ယင်း အဖွဲ့အစည်းက ပြောကြားခဲ့သည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ထုတ်ပြန်ချက်အရ ကိုဗစ် ဖြစ်ပေါ်ကူးစက်မှုမှာ ၁၈,၉၄၃ ဦး ရှိပြီး သေဆုံးသူ ၆၉ ဦးကျော်ရှိသည် ဟု သိရသည်။

ဟောင်ကောင်သည် ကိုရိုနာဗိုင်းရပ်စ် အသစ်ဖြစ်ပေါ်ကူးစက်မှု ၂၅,၁၅၀ ဦးရှိပြီး သေဆုံးသူ ၂၈၀ ဦးအထိရှိ သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ခုနှစ်တွင် ဟောင်ကောင်သည် ဗိုင်းရပ်စ် ထိန်းချုပ်ရေးတွင် မအောင်မြင်ခဲ့သောကြောင့် လက်ရှိတွင် ကိုဗစ် ၁၉ ကူးစက်မှုများသည် စုစုပေါင်း ၅၀၀,၀၀၀ ပတ်ဝန်းကျင်ရှိလာခဲ့သည်။

တရုတ်အစိုးရအုပ်ချုပ်သည့် မြို့တော်အများစုတွင် လွန်ခဲ့သော သီတင်းပတ်နှစ်ခုအတွင်း သေဆုံးသူဦးရေ ၂,၂၀၀ ခန့်ရှိခဲ့သည်။

Our World in Data ၏ အချက်အလက်ထုတ်ပြန်ချက်အရ ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဟောင်ကောင် သည် မတ်လ ၆ ရက်နေ့အထိ သီတင်းပတ်တစ်ခု အတွင်း လူတစ်သန်းလျှင် အမြင့်ဆုံးသေဆုံးမှုရှိသည်ဟု သိရသည်။

အမေရိကန် CDC အနေဖြင့်လည်း လွန်ခဲ့သော သီတင်းပတ်အတွင်း ဟောင်ကောင်ကို level 3 အဆင့်တွင် ထည့်သွင်းခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.