နယူးဒေလီ၊ ဇန်နဝါရီ ၁၁

နယူးဒေလီမြို့ရှိ အိန္ဒိယပါလီမန်က ဝန်ထမ်း ၄၀၀ ကျော်တွင် ကိုဗစ် ၁၉ စမ်းသပ်တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ANI သတင်းဌာနမှ သတင်းထုတ်ပြန် ခဲ့သည်။

ဇန်နဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ၁၄၀၉ ဦးကို စမ်းသပ်ခဲ့ပြီး ၄၀၂ ဦးတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်းတွင် ဥပဒေပြဌာန်းသူများက ပြည်ထောင်စုဘတ်ဂျက်ဆိုင်ရာဆွေးနွေးမှုကို စတင်ရန် အတွက် စီစဥ်ထားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီမြို့တွင် နေ့စဥ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဥ်မှာ သိသာစွာမြင့် တက်လာလျှက်ရှိပြီး စုဝေးမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများကို တားမြစ်ထားခဲ့ပြီးဖြစ်သည်။

ဒေလီ ဒုတိယဝန်ကြီး အာဗင်ကီဆရီဝယ်လ်၏ ဇန်ဝါရီလ ၉ ရက်နေ့ ပြောကြားချက်အရ “အသွား အလာ ကန့်သတ်ရန်အတွက် ရည်ရွယ်ချက်မရှိသေး”ဟု သိရှိရသည်။ လူအများသည် နှာခေါင်းစည်းများကို ဝတ်ဆင်ကြရန်နှင့် ကာကွယ်ဆေးကို ပြီးမြောက်အောင် ထိုးနှံကြရန် ထို ပုဂ္ဂိုလ်မှတိုက်တွန်းထားသည်။

ကိုဗစ် ၁၉ ကြောင့် နေ့စဥ် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ မြင့်တက်နေသော်လည်း ယမန်နှစ်က အခြေအနေနှင့် နှိုင်းယှဥ်လျှင် လူနာများ၏ ဆေးရုံတက်ရောက်ကုသနှုန်းမှာ ကျဆင်းလျှက်ရှိသည်ဟု မစ္စတာ ကီဆရီဝယ်လ်က ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ မနက်ခင်းအထိ ကောက်ခံချက်အရ အိန္ဒိယနိုင်ငံသည် ၂၄ နာရီအတွင်း အသစ်ဖြစ်ပေါ် ကူးစက်မှုမှာ ၁၅၉,၆၃၂ ဦးအထိရှိခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.