ဘန်ကောက်၊ ဇန်နဝါရီ ၁၀

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်မှုမှာ နေ့စဉ်မြင့်တက်နေသလို မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိမှု မှာလည်း နေ့စဉ်ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့က ထိုင်းနိုင်ငံအနောက်ဘက် နယ်ခြားမျဥ်းကို တရားမဝင် ဖြတ်သန်း၍ ခရိုင်မြို့တော်အတွင်းသို့ ဝင်ရောက်လာ သော မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ 

ထိုအထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး အသက်အရွယ်မှာ ၁၈ နှစ်မှ ၄၅ နှစ်အထိ ရှိကြသည်။ အာဏာပိုင်များသို့ပြောကြားချက်အရ ယင်းတို့သည် အဆိုပါနယ်ခြားမျဥ်းမှ ၃ ကီလိုမီတာခန့်ဝေး သော မုဒွန်ကျေးရွာမှ ဖြစ်ကြသည်။ 

ယင်းတို့သည် နယ်စပ်ကိုဖြတ်ကျော်၍ ဒန်ဆင်ခွန်၊ ခလုန်ဝန်ခရိုင်ခွဲရှိ ကျေးရွာနံပါတ် ၆ သို့ ဝင်‌ရောက်လာကာ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်အကိုင်ရရှိရေးအတွက် ဝင်‌ရောက်ဖို့ ခရီးဆက်နိုင်ရန် နံနတ်သီးစိုက်ပျိုးခြံတစ်ခု၌ စောင့်ဆိုင်းနေခဲ့ကြသည်။ 

ယင်းတို့ကို ခေါ်ယူသယ်ဆောင်ရန်အတွက် အမိုးပွင့်ကုန်တင်ယာဥ် ၃ စီးရောက်ရှိချိန်တွင် အနီးအပါးတွင် ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားစောင့်ကြည့်ရေးရဲတပ်ဖွဲ့များက အဆိုပါ မြန်မာနိုင်ငံသား နယ်စပ် ဖြတ်ကျော်သူများနှင့် ယာဥ်မောင်းများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြသည်။ ယာဥ်မောင်းများအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 

အလုပ်ရှာသူများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ နှုန်းဖြင့် စမွတ်ဆာခေါင်ခရိုင်တွင် အလုပ်အကိုင်ရရှိရေး အတွက် ပွဲစားများကို ပေးဆောင်ခဲ့ကြရသည်ဟုဆိုသည်။ 

ဖမ်းဆီးခံရသူများအားလုံးကို ဥပဒေရေးရာဆောင်ရွက်မှုများ၊ နေရပ်ပြန်ပို့ခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် မြို့တော်ရဲတပ်ဖွဲ့သို့ ခေါ်ဆောင်သွားခဲ့ကြပြီးဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.