ဂျာကတာ၊ ဇန်နဝါရီ ၁၀

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စက်ရုံများတွင် ပံ့ပိုးနိုင်မှုအခြေအနေ ကျဆင်းလာသော ကြောင့် ဇန်နဝါရီလမှစတင်၍ ကျောက်မီးသွေး ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီဟု အင်ဒိုနီးရှားစွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးမှ စနေနေ့တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှ၏ ကျောက်မီးသွေးတင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ် တန်ပေါင်း ၄၀၀ မီလီယအထိ တင်ပို့နိုင်ခဲ့သည်။ ၎င်း၏ အကြီးစားဝယ်ယူသူများမှာ  တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်ကြသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းဈေးကွက်လိုအပ်ချက်ဆိုင်ရာ မူဝါဒါတစ်ရပ် Domestic Market Obligation (DMO) ကိုလည်း ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်သူများ သည် နိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီဖြစ်သည့် PLN သို့ တစ်တန်လျှင် ၇၀ ဒေါ်လာ အမြင့်ဆုံးနှုန်းဖြင့် နှစ်စဥ် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။ 

“ဒီ တားမြစ်ချက်ကို ဖိအားပေးမဆောင်ရွက်ဘူးဆိုရင် မီဂါဝပ် ၁၀၈၅၀ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓါတ် အားပေးစက်ရုံ ၂၀ ခန့်က ဆုံးခန်တိုင်သွားပါလိမ့်မယ်။ ဗျူဟာကျတဲ့ ဆောင်ရွက်မှုတွေသာ ရှိမထားခဲ့ရင် တော့ နေရာအနှံ့အပြား လျှပ်စစ်ဓါတ်အားပြတ်တောက်သွားတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်မှာပါ”ဟု စွမ်းအင်ဝန်ကြီးဌာန၏ တွင်းထွက်နှင့် ကျောက်မီးသွေးဆိုင်ရာ အထွေထွေဒါရိုက်တာ ရိဒ်ဝန် ဂျာမလူဒီ က ပြောကြားခဲ့သည်။ 

ဇန်နဝါရီတစ်လအတွင်း၌ပင် အင်ဒိုနီးရှားနိုင်ငံသည် ကျောက်မီးသွေး တန် ၃၀ မီလီယံခန့်ကို ပြည်ပသို့ တင်ပို့ထားပြီဖြစ်သည်။ 

ရိဒ်ဝန်၏ ပြောကြားချက်အရ လျှပ်စစ်ဓါတ်အားပေးစက်ရုံများသို့ လစဥ် ကျောက်မီးသွေးဖြည့်တင်းမှု က DMO သတ်မှတ်ချက်ထက်ကို နည်းပါးခဲ့သည့်အပြင် နှစ်ကုန်ပိုင်းလောက်မှာ ကျောက်မီးသွေး သို လှောင်မှုတွေမှာ လိုငွေပြနိုင်သော အခြေအနေရှိနိုင်သည်ဟု သိရသည်။ အဆိုပါပုဂ္ဂိုလ်က ယခု တားမြစ်ချက်ကို ဇန်နဝါရီလ ၅ ရက်နောက်ပိုင်းမှာ ပြန်လည်သုံးသပ်ဖို့ ဆောင်ရွက်သွားမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

ထိုကန့်သတ်ချက်ကြောင့် ကျောက်မီးသွေးသိုလှောင်မှုတွင် ကုန်လက်ကျန်များကျဆင်းလာပြီး လာမည့် သီတင်းပတ်များအတွင်း ကျောက်မီးသွေးဈေးနှုန်းမြင့်တက်လာနိုင်သောကြောင့် အင်ဒိုနီးရှားမှ ဝယ်ယူ သူများအနေဖြင့် ရုရှား၊ သြစတြေးလျ သို့မဟုတ် မွန်ဂိုလီးယားသို့ ဦးတည်သွားနိုင်သည်ဟု ပညာရှင် တစ်ဦးမှ သုံးသပ်ထားသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.