ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇

ယခုသီတင်းပတ်အတွင်း မလေးရှားနိုင်ငံ၏ နေရာအနှံ့အပြားတွင်  မိုးအဆက်မပြတ်ရွာသွန်းနိုင်မည် ဟူသော ခန့်မှန်းချက်ကို အာဏာပိုင်များမှ ထုတ်ပြန်ပြီးနောက် မ‌လေးရှားနိုင်ငံသားများအနေဖြင့် ဒုတိယအကြိမ်ဖြစ်‌ပေါ်လာနိုင်သော ရေလွှမ်းမိုးမှုအတွက် ကြိုတင်ပြင်ဆင်လျှက်ရှိသည်။ 

ဝန်ကြီးချုပ် အစ္စမေးဆာဘရီရာကွတ်သည် ထိုဖြစ်နိုင်ချေကို ရင်ဆိုင်နိုင်ရန် အထူးလုပ်ငန်းအဖွဲ့တစ်ရပ် ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအ‌ခြေအနေသည် ကြီးမားသော ရေလွှမ်းမိုးမှုကို လတ်တလော ကြုံတွေ့ရသူများ အတွက် ထိန့်လန့်စရာဖြစ်စေခဲ့သည်။

မလေးရှားနိုင်ငံ၊ တမန်ဆီရီမူဒါရှိ စေတနာ့ဝန်ထမ်းအဖွဲ့ကို ဦးဆောင်သူ မစ္စတာ အက်ဝပ်ဒီဗာဒါဆန် က နောက်တစ်ကြိမ်ဖြစ်ပေါ်လာနိုင်သည့် ရေလွှမ်းမိုးမှုအတွက် အကြောက်တရားသည် မြေပြင်တွင် အမှန်တကယ်ရှိနေခဲ့သည်ဟု ပြောကြားခဲ့သည်။ 

မစ္စတာ Devadason ၏ ပြောကြားချက်အရ ရုပ်ပိုင်းဆိုင်ရာအထောက်အပံ့စနစ်မှာ အဆင်သင့်ဖြစ်နေ သော်လည်း ဒုတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် လူအများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအ‌ပေါ် သက်ရောက်မှုကို စိုးရိမ်မိသည်ဟု သိရှိရသည်။ 

အစိုးရအဖွဲ့အတွင်းရေးမှူး တန်ဆီရီ ကိုယ်တိုင် ဦးဆောင်၍ ဖွဲ့စည်းထားသော အဆိုပါလုပ်ငန်းအဖွဲ့သည် ရေလွှမ်းမိုးမှုအလွန်ကာလ လှုပ်ရှားဆောင်ရွက်မှုကိုပါ ခြုံငုံဆောင်ရွက်မည်ဖြစ်သည်။ 

အထူးလုပ်ငန်းအဖွဲ့ဝင်များသည် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ အပါအဝင် သင့်လျော်သော အေဂျင်စီ များဖြင့် ဖွဲ့စည်းထားပြီး ပထမအကြိမ်အစည်းအဝေးကို တနင်္လာနေ့ အစောဆုံးထား၍ ကျင်းပမည်။ 

လုပ်ငန်းအဖွဲ့မှ  ဆွေးနွေးဆုံးဖြတ်ရန် အကြံပြုထားသည့် အကြောင်းအရာများသည် ရေလွှမ်းမိုးခြင်း ခံရသော အိမ်များ၊ အဆောက်အအုံများကို သန့်ရှင်းလုပ်ငန်းများ‌‌ဆောင်ရွက်ရေးအပြင် ရေဘေးဒုက္ခ သည်များအား လျင်မြန်စွာ အကူအညီဖြန့်‌ဝေနိုင်ရေးအတွက် ယန္တရားများကို သေချာ‌အောင် ‌ဆောင်ရွက် ရေး စသည့်အကြောင်းအရာများဖြစ်သည်။   

ဆီလန်ဂေါ၌ ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုအတွက် ဖြစ်ပေါ် ရသော ဆုံးရှုံးမှု စုစုပေါင်းကို အချက် အလက် ကောက်ခံနေဆဲဖြစ်သည်ဟု Datuk Seri Ismai မှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.