ဟောင်ကောင်၊ ဒီဇင်ဘာ ၂၃

ဟောင်ကောင်တက္ကသိုလ်သည် တရုတ် Tiananmen Square အတွင်းရှိ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားသူများကို သတ်ဖြတ်ခဲ့သော ၁၉၈၉ ခုနှစ် အဖြစ်အပျက်ကို ရာစုနှစ် ၂ ခုကျော်အကြာ အထိမ်း အမှတ်အဖြစ်ထားရှိသည့် ရုပ်ထုကို ဖြိုချဖျက်ဆီး၍ တက္ကသိုလ်ပရဝုဏ်အတွင်း မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ 

ထိုအနုပညာလက်ရာမှာ မြို့တော်အတွင်း အနည်းဆုံးကျန်ရှိနေသေးသည့် လူထုအမှတ်တရများအနက် တစ်ခုဖြစ်သလို တရုတ်ပြည်မကြီးတွင် လူသိရှင်ကြားအထိမ်းအမှတ်ပြုမှုကို တားမြစ်ခံထားရသော အဆိုပါ သွေးထွက်သံယိုဖြိုခွင်းမှုကို အောက်မေ့သတိရစေရန်ဖြစ်သည်။ 

“Pillar of Shame” _ (အရှက်တရားမဏ္ဍိုင်) ဟု အမည်ရသော ထိုရုပ်ထုသည် ၁၉၉၇  ခုနှစ်၌ တရုတ်၏ အုပ်စိုးမှုအောက်သို့ ပြန်လည်ကျရောက်ခဲ့သော ဟောင်ကောင်ကို လွတ်လပ်စေရေးအတွက် ကတိ ပြုထားသည့် အဓိကအမှတ်အသားတစ်ရပ်ဖြစ်သည်။ 

Tiananmen Square ဖြိုခွင်းမှုကို အမှတ်တရဖြစ်စေရန်အတွက် မြို့တော်မှ ကမ္ဘာအကြီးဆုံး အထိမ်း အမှတ်ပွဲတော်များကို ဓလေ့ထုံးတမ်းတစ်ခုအဖြစ် နှစ်စဥ်ကျင်းပလျှက်ရှိသည်။ 

ဟောင်ကောင်တက္ကသိုလ်ကောင်စီ၏ ဒီဇင်ဘာလ ၂၃ ရက်နေ့ (ကြာသပတေးနေ့) အစောပိုင်း၌ ကြေငြာ ချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး “ပြင်ပ ဥပဒေရေးရာအကြံပြုချက်နှင့် တက္ကသိုလ်၏ အကောင်းဆုံး အကျိုး ဖြစ်ထွန်းနိုင်စေရန် လေ့လာဆန်းစစ်ထားသော  ဘေးဖြစ်နိုင်ချေအတိုင်းအတာပေါ်အခြေခံ၍” ဗုဒ္ဓဟူးနေ့ တွင် ရုပ်ထုကို ဖယ်ရှားဖို့ ဆုံးဖြတ်သည့် အစည်းအဝေးကျင်းပခဲ့သည်ဟု ပါရှိသည်။  

“ဟောင်ကောင်တက္ကသိုလ်ကောင်စီသည် အဆိုပါရုပ်ထုကို သိုလှောင်ခန်းတွင် ထည့်သွင်းထားရန် အဆိုပြုထားမည်ဖြစ်ပြီး တက္ကသိုလ်အနေဖြင့် သင့်တင့်လျောက်ပတ်သော နောက်ဆက်တွဲ ဆောင်ရွက် မှု တစုံတရာအပေါ် ဥပဒေအကြံပေးပြုချက် ရယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်” ဟူ၍ လည်း ထို ကြေငြာချက်တွင် ပါရှိသည်။ 

ရုပ်ထုကို ဖန်တီးသူ ဒိန်းမတ်နိုင်ငံသား ပန်းပုဆရာ Jens Galschiot သည် သူ၏ ကိုယ်ပိုင်အနုပညာ ဖန်တီးမှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်အတွက် လွန်စွာထိန့်လန့်ခဲ့ဟု ပြောကြားခဲ့ပြီး ပန်းပုရုပ်ထု အပေါ်ဖြစ်ပေါ်သော ပျက်ဆီးမှုတစုံတရာအတွက် လျော်ကြေးတောင်းခံသွားမည်ဖြစ်သည်။ 

မစ္စတာ Galschiot သည် မေရိကန်ဒေါ်လာ ၁.၄ မီလီယမ်ဝန်းကျင် တန်ဖိုးရှိသော Tiananmen ရုပ်ထုကို ဒိန်းမတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန်အတွက် ကမ်းလှမ်းထားသည်။

သူ့အနေဖြင့် ရှုပ်ထွေးသော အခြေအနေတစ်ရပ်ကို ဆက်လက်လုပ်ဆောင်ရန် ဟောင်ကောင်တွင် ရှိနေရန် လိုအပ်ပြီး သူ့ကို တရားစွဲဆိုမှုမပြုရန်အတွက်လည်း တောင်းဆိုသွားမည်။ 

ဟောင်ကောင်တက္ကသိုလ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရုပ်ထုကို တက္ကသိုလ်ပရဝုဏ်အတွင်း ပြသရန် မည်သည့်အဖွဲ့အစည်းမှ ခွင့်ပြုချက်ရရှိထားခြင်းမရှိသလို ထို့အတွက်ကြောင့် အချိန်မရွေး “ဆီလျော်မှု ရှိသော ဆောင်ရွက်ချက်များ”ကို ပြုလုပ်ဖို့ အခွင့်အရေးရှိသည်ဟူ၍လည်း ပါရှိသည်။ 

ထုတ်ပြန်ချက်တွင် အဆိုပါ အထိမ်းအမှတ်ကို “ထိခိုက်လွယ်သော (အခြေအနေကိုဦးတည်စေသည့်)” ရုပ်ထု ဟူ၍ ခေါ်ဆိုထားပြီး “အလားအလာရှိသော လုံခြုံရေးဆိုင်ရာ ပြဿနာများ”ကိုလည်း စုစည်းပြသ ထားသည်ဟု ဆိုသည်။ 

အားလပ်ရက်ဖြစ်သောကြောင့် ကြာသပတေးနေ့အစောပိုင်းတွင် တက္ကသိုလ်ပရဝုဏ်အတွင်း တိတ် ဆိတ်နေခဲ့သည်။ အချို့သော ကျောင်းသားများသည် ထိုသတင်းကို ကြားသိပြီးနောက် ကျောင်းဝင်း အတွင်းသို့ ညလုံးပေါက် ရောက်ရှိနေခဲ့ကြသည်။ 

“တက္ကသိုလ်အနေနဲ့ ဒါကို ညသန်းခေါင်ကြီး လုပ်နေတာကတော့ အရမ်းကို သူရဲဘောကြောင်တာပဲ။ ဒါက သမိုင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့အတွက် အရမ်းကို စိတ်ထိခိုက်ရတယ်။ သမိုင်းဝင် ကျောက် တိုင်တစ်ခုကိုတောင် ထိန်းသိမ်းထားနိုင်ခြင်းမရှိတဲ့ တက္ကသိုလ်ကိုလည်း သူ့ရဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်” ဟု မြင်မျက်တွေ့ရသော အသက် ၁၉ နှစ် အရွယ် ကျောင်းသား တစ်ဦးဖြစ်သည့် ချန် မှ ပြောကြားခဲ့သည်။ 

“ရုပ်ထုကို အစိတ်အပိုင်းတွေဖြစ်သွားတဲ့အထိ မြင်တွေ့လိုက်ရတာဟာ ကြေကွဲစရာကောင်းပါတယ်” ဟု နောက်ထပ် ကျောင်းသားတစ်ဦးဖြစ်သည့် လီအွန်မှ ပြောကြားခဲ့သည်။ 

ရုပ်တုကို ဖယ်ရှားခြင်းသည် ထိလွယ်ရှလွယ်ဖြစ်သော ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက် ဖြစ်ရပ်များနှင့် ဆက်စပ်နေသော လူများ သို့မဟုတ် အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် နောက်ဆုံးအဆင့် ဖြစ်သည်။

အာဏာပိုင်များသည် ဟောင်ကောင်မြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်ရန်၊ ဒီမိုကရေစီရေး လှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချရန်နှင့် အခြေခံလွတ်လပ်ခွင့်များကို ကန့်သတ်ရန်ဟူ၍ တရုတ် ပြည်မကြီးမှ ပြဌာန်းလိုက်သည့် အမျိုးသားလုံခြုံရေးဥပဒေအောက်တွင်  ချုပ်နှောင်ထားသည်။

လုံခြုံရေးဥပဒေကို ဖိနှိပ်ရေး လက်နက်တစ်ခုအသွင် အသုံးပြုနေသည်ဟု တရုတ်နိုင်ငံကို အနောက် တိုင်း အစိုးရများမှ စွပ်စွဲပြောဆိုထားကြသည်။ 

၂၀၁၉ ခုနှစ်၊ လမ်းပေါ်ထွက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် မြို့တွင်း တည်ငြိမ်အေးချမ်းမှုကို အဆိုပါ ဥပဒေအားဖြင့်  ပြန်လည်ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ် ဖြိုခွင်းမှုနှင့်ပတ်သက်၍ သေဆုံးသူစာရင်း အပြည့်အ၀စာရင်းမပေးခဲ့ပေ။

အာဏာပိုင်များထုတ်ပြန်သော သေဆုံးသူဦးရေမှာ ၃၀၀ ခန့်ရှိသော်လည်း လူထောင်ပေါင်းများစွာ သေဆုံးနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် မျက်မြင်သက်သေများက ပြောကြားထားသည်။ 

အသက် ၄၀ ကျော် တက္ကသိုလ်၏ နိုင်ငံရေး သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာ John Burns ၏ ရိုက်တာ သတင်းဌာနသို့ ပြောကြားချက်တွင် “ကွန်မြူနစ်ပါတီက ဘာဖြစ်စေချင်တာလဲဆိုတော့  ဒီ (တီယန်နန်မန်) Tiananmen အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့အားလုံး မေ့မေ့ပျောက်ပျောက် ရှိစေချင်တာ။ အဲ့ဒါက အတော်ကို ကံခေတာပဲ။ သူတို့က ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ တကမ္ဘာလုံး အတိုင်းအတာထိ မေ့ပျောက်စေလိုတဲ့ သဘောပါ” ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.