မနီလာ၊ ဒီဇင်ဘာ ၂၀

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တိုင်ဖွန်း မုန်တိုင်းကြောင့် လူဦးရေ ၂၀၈ ဦးအထိသေဆုံးခဲ့ကာ ယခုနှစ်များအတွင်း နိုင်ငံအတွက် အထိနာဆုံးနှင့် လူသေဆုံးမှု အများဆုံး ဖြစ်စေခဲ့သည်ဟု ဒီဇင်ဘာလ ၂၀ ရက်နေ့ (တနင်္လာနေ့) ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့၏ ပြောကြားခဲ့သည်။ 

Rai ရိုင် ဟု အမည်ရသော တိုင်ဖွန်းမုန်တိုင်းသည် ကျွန်းဆွယ်၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဒေသများ ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုပြီးနောက်တွင် လူဦးရေ အနည်းဆုံး ၂၃၉ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၅၂ ဦး ပျောက်ဆုံးနေခဲ့သည်။ 

ပြင်းအားကြီးတိုင်ဖွန်းမုန်တိုင်း ရိုင် (Rai) သည် ကြာသပတေးနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ ပြင်းထန်စွာ သက်ရောက်ခဲ့ပြီး လူဦးရေ ၃ သိန်း‌ကျော်သည် ယင်းတို့၏ နေအိမ်များနှင့် ကမ်းခြေရှေ့ရှိ တည်းခို ရိပ်သာသို့  ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

ဖိလစ်ပိုင်နိုင်ငံ ကြက်ခြေနီအဖွဲ့မှ ကမ်းရိုးတန်း ဧရိယာများအတွင်း “လူအစုံအပြုံလိုက်သေကြေမှု အတိ” ဖြစ်ခဲ့သည်ဟု အစီရင်ခံထားခဲ့သည်။ 

ယခုနှစ် မုန်တိုင်းသည် ခေါင်မိုးများ၊ သစ်ပင်များ ခုတ်ထစ်ခြင်းများ၊ ကွန်ကရစ် ဓာတ်အားပေး တိုင်များ ပြိုလဲခြင်း၊ သစ်သားအိမ်များ အပိုင်းပိုင်းပြိုကျကာ ရေလွှမ်းနေသည့် ရွာများ ဖြစ်‌ပေါ်စေခဲ့ပြီး 2013 ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပြင်းအားမြင့်တိုင်ဖွန်းမုန်တိုင်း  ဟိုင်ယန်နှင့် နှိုင်းယှဥ်ချက်များ ထွက်ပေါ်လာခဲ့ သည်။ 

ဟိုင်ယန်ဟု အမည်ရပြီး ဖိလစ်ပိုင်နိုင်ငံတွင် ရိုလန်ဒါဟု ခေါ်တွင်ကာ နိုင်ငံအတွင်း အမြင့်ဆုံးသေဆုံးမှု ကို ဖြစ်ပေါ်စေခဲ့ပြီး လူဦးရေ ၇၃၀၀ ကျော် သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။ 

ယခုတဖန်တွင် အထိခိုက်အများဆုံးကျွန်းများအနက် ကျွန်းတစ်ကျွန်းမှာ ဘိုဟိုလ် (Bohol) ဖြစ်ပြီး ၎င်းဒေသ၏ ခရီးသွားနေရာများနှင့် tarsier အသေးစား မျောက်ဝံများနေထိုင် ကျက်စားသောကြောင့် ထင်ရှားကျော်ကြားသည်။ ထိုကျွန်းတွင် မုန်တိုင်းကြောင့် လူသေဆုံးမှု ၇၄ ဦးအထိရှိခဲ့သည်ဟု အဆိုပါ ခရိုင်/ဒေသန္တရ အုပ်ချုပ်သူ Arthur Yap က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.