ဘန်ကောက်၊ ဒီဇင်ဘာ ၁၇

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ထန်ဆောင်ယန်ခရိုင်ခွဲရှိ မယ်လဒုက္ခသည်စခန်း၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော အဓိ ကရုဏ်း အတွင်း နိုင်ငံပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့် ဆောင်ရွက်ချက်နှင့် စပ်လျဥ်းပြီး ဥပဒေကြောင်း အရ အ‌ရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ထိုင်းအာဏာပိုင်များမှ ပြောကြားခဲ့သည်။ 

ခရိုင်ဒေသန္တရ အုပ်ချုပ်သူအရာရှိ ဆွန်ချိုင်းကစ်ချရွန်ရမ်ရော့က စခန်းအတွင်းရှိ ဒုက္ခသည် တစ်စုသည် ကိုဗစ် ၁၉ ကန့်သတ်ချက်များကို ကျော်လွန်၍ စုဝေးဆန္ဒပြခဲ့ကာ ထိုနေရာအတွင်းရှိ နိုင်ငံပိုင် ပစ္စည်းများ ထိခိုက် ပျက်ဆီးခဲ့ရပြီး ထိုခရိုင်ရှိ  စခန်းအကြီးအကဲနှင့် လက်ထောက်အကြီးအကဲ ပြောင်းရွှေ့ဖို့နှင့် တားမြစ်ချက်များ ကို ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါအဖွဲ့ကို ထန်စောင်ယန်ရဲစခန်းတွင် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ တိုင်ချက်ဖွင့်ထားပြီ ဖြစ်သည်ဟုလည်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့အနေဖြင့် စခန်းကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း အချို့သော ပစ္စည်းများမှာ ပျက်ဆီးခဲ့ရပြီး ထိုအထဲတွင် ရုံးအဆောက်အအုံ ၂ လုံး၊ အစည်းအဝေးခန်းမ ၁ ခု၊ အစောင့်တဲ ၂ လုံး၊ စေတနာ့ဝန်ထမ်းအိမ် ၄၃ လုံး၊ ကား ၁၀ စီး၊ ဆိုင်ကယ် ၇၄ စီးနှင့် သေနတ် ၂ လက်တို့ပါဝင်သည်။ 

တာ့ခ်ခရိုင် ရဲတပ်ဖွဲ့၏ ဒုတိယကော်မရှင်နာ ပိုင်သွန်ဆုခွန်ဝပ်ထနာ၏ ပြောကြားချက်တွင် ထန်စောင်ယန်၊ မဲဆောက်နှင့် ပုဗ္ဗရာ၏ တာဝန်ရှိသူများ လုပ်ငန်းအဖွဲ့များ အနေဖြင့်လည်း အခြားသော ဆန္ဒထုတ်ဖော်မှုများ မဖြစ်စေနိုင်ရန်အတွက်လည်း စောင့်ကြည့်ထားသည်ဟု ပါရှိသည်။ 

ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေနိုင်ရန်အတွက် ယမန်နေ့တွင် ထန်စောင်ယန် ရဲတပ်ဖွဲ့သည် ဒုက္ခသည်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။ 

ဒေသအခြေစိုက်မီဒီယာ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ထိုအဓိကရုဏ်းသည် မြန်မာဒုက္ခသည် ၄ ဦး နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ စခန်းအတွင်းသို့ ဝင်ရောက်လာရမှ ဖြစ်ပွားခဲ့သည်ဟု သတင်းအစီရင်ခံ ထားသည်။  

နောက်ထပ်သတင်းပေးပို့ချက်တွင် ဒုက္ခသည် ၄ ဦးကို စခန်းသို့ ပြန်ရောက်ချိန်တွင် တာဝန်ရှိသူများက ဖမ်းဆီးကာ ရိုက်နှက်ခဲ့ကြောင်း အခြားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များသည် စခန်းအတွင်း/အပြင်သို့ ဝင်/ထွက်တိုင်းတွင် အခကြေးငွေပေးရန်မလိုအပ်ဘဲ လွတ်လွတ် လပ်လပ်သွားလာလိုသည်ဟု ပြောကြားခဲ့သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.