ဘန်ကောက်၊ ဒီဇင်ဘာ ၁၃

ပင်တဂွန်၏ ဖိတ်ကြားမှုကြောင့် ထိုင်းနိုင်ငံကာကွယ်‌ရေးတပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ် Chalermpol Srisawat သည်  အမေရိကန်ပြည်ထောင်စုသို့ တရားဝင်အလည်အပတ်ခရီးစဥ်အတွက် ထွက်ခွာသွားပြီဟု သတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။ 

ထိုသတင်းအရင်းအမြစ်၏ ပြောကြားချက်အရ ယခုခရီးစဥ်သည် လွန်ခဲ့သော ၂ နှစ်၊ ကိုဗစ်ကပ်ဘေး ဖြစ်ပေါ်ပြီးနောက် ပထမဦးဆုံးသွားရောက် ခရီးဖြစ်သည်ဟု ပါရှိသည်။

ဗိုလ်ချုပ် Chalermpol နှင့် စစ်ဘက်ရေးရာဦးစီးချုပ် ဗိုလ်ချုပ် Natapol Boonngam လည်း အတူလိုက်ပါ မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၂၀ ရက်နေ့ထိ ရှိမည်ဟုဆိုသည်။ အဆိုပါခရီးစဥ်အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် စနေ့နေ၌ ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ 

ဗိုလ်ချုပ် Chalermpol သည် ဝါရှင်တန်ဒီစီတွင် အမေရိကန်စစ်ဦးစီးချုပ် ဗိုလ်ချုပ် Mark A Milley နှင့်တွေ့ဆုံပြီး ထိုင်းနှင့် အမေရိကန်ပြည်ထောင်စုအကြား စစ်ရေးနှင့် လုံခြုံရေးသဘောတူညီမှုများကို အားကောင်းခိုင်မာစေရေးအတွက် ဦးတည်သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပမည်ဖြစ်သည်။

ထို့အပြင် လာမည့်နှစ်အတွက် ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု Crobra Gold နှင့် ပတ်သက်၍ လည်း ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါသတင်းအရင်းအမြစ်မှ ပြောကြားခဲ့သည်။ 

အမေရိကန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့အကြီးအကဲနှင့် တွေ့ဆုံမည့် ဝါရှင်တန်ပြည်နယ်မှ မထွက်ခွာမီ ‌အောက် မေ့ဖွယ်အခမ်းအနားတက်ရောက်ရန် Arlington အမျိုးသားသုသာန်သို့ သွားရောက်မည်ဖြစ်သည်။ 

သတင်းအရင်းအမြစ်၏ ပြောကြားချက်အရ ဗိုလ်ချုပ် Chalermpol လုံခြုံရေးကဏ္ဍချိတ်ဆက် ဆောင်ရွက်မှု ကို ဦးတည်ပြီး စစ်ဘက်ရေးရာယန္တရားများအကြား နိုင်ငံတကာဆက်ဆံရေးကို ပိုမိုအလေးထားမည် ဖြစ်သည်။

ထို့အပြင် အဆိုပါ ထိုင်းကာကွယ်ရေးတပ်ဖွဲ့များအကြီးအကဲသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး နှင့် တွေ့ဆုံမည့် အစည်းအဝေး တစ်ရပ်အတွက် နယူးယောက်မြို့သို့ ခရီးဆက်မည်ဖြစ်ပြီး အဆိုပါ အစည်း အဝေးတွင် တောင်ဆူဒန်ရှိ ကုလသမဂ္ဂမစ်ရှင်ကို ထောက်ပံ့ပေးနိုင်ရေးအတွက် အင်ဂျင်နီယာစစ်သားများ ပိုမိုစေလွှတ်ရေး အစီအစဥ် ကို ဆွေး‌‌နွေးကြမည်ဖြစ်သည်။

အမေရိကန်ပြည်‌ထောင်စုမှ ပြန်လည်မထွက်ခွာခင် ခရီးစဥ်အဆုံးသတ်တွင် ဗိုလ်ချုပ် Chalermpol အနေဖြင့် US Military Academy West Point တွင် စစ်ပညာတက်ရောက်သင်ကြားနေသော ထိုင်းစစ်ဘက်ဆိုင်ရာ ကျောင်းသူ/သားများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.