ဗီယန်ကျင်း၊ ဒီဇင်ဘာ ၄
အထီးကျန်ဆန်သောနိုင်ငံတစ်နိုင်ငံ၏ ရုန်းကန်နေရသည့် စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်မည့် မျှော် လင့်ချက်များအစား ကြွေးမြီးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်အတူ အမေရိကန်ဒေါ်လာ ၆ ဘီလီယမ် တန်ဖိုး ရှိပြီး တရုတ်အစိုးရမှ တည်ဆောက်ပေးသော ရထားလမ်းသစ် ကို ဒီဇင်ဘာလ ၃ ရက်နေ့ သောကြာနေ့ က လာအိုအစိုးရမှ ဖွင့်လှစ်ခဲ့သည်။
ဒေါ်လာထွီလီယမ်ခန့် အသုံးပြုထားသော တရုတ်နိုင်ငံ၏ ခါးပတ်တကွင်း လမ်းတစင်း အစီအစဥ် အောက်တွင် အရှည် ၄၁၄ ကီလိုမီတာရှိသည့် အဆိုပါ ရထားလမ်းစီမံကိန်းကို ၅ နှစ်ကျော် ကြာ အချိန်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သုံးသပ်လေ့လာသူများသည် ၎င်းကို အလားအလာရှိသော စီးပွားရေးဆိုင်ရာ ဖြည့်တင်းမှုဟု အသိ အမှတ်ပြုသော်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် အမေရိ ကန် ဒေါ်လာ ဘီလီယမ် ၁.၀၆ ကို မည်ကဲ့သို့ ပေးချေမည်နှင့် ခေတ်မီသော ပို့ဆောင်ဆက်သွယ်ရေးစနစ် ကို အသုံးချရန် အဆင်သင့်ဖြစ်/မဖြစ်ကို မေးခွန်းထုတ်နေကြသည်။
တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ၏ ဗုဒ္ဓဟူးနေ့ ပြောကြားချက်တွင် “”flagship project”_ (ထိပ်တန်းစီမံကိန်း) သည် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံမှ ကုန်းလမ်းချိတ်ဆက်မှု ဗဟို အချက်အချာအဖြစ် ပြောင်းလဲပေးနိုင်သည့် “boost to Laos” မဟာဗျူဟာ ကို ပေးအပ်ခဲ့သည်ဟု ပါရှိသည်။
လာအိုနိုင်ငံသမ္မတ Thongloun Sisoulith သည် တရုတ်သမ္မတ Xi Jinping နှင့်အတူ အွန်လိုင်းဆွေး နွေးပွဲတစ်ရပ်ကို လာမည့်သောကြာနေ့တွင် ကျင်းပသွားရန်ရှိပြီး တရားဝင်ဖွင့်ပွဲအခမ်းအနားတွင် နှစ် ဖက်စလုံးမှ မိန့်ခွန်းများပြောကြားသွားမည်ဟုလည်း မျှော်လင့်ရသည်။
ထိုရထားလမ်းသည် တရုတ်နိုင်ငံ၏ မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံမြို့တော် (Vientiane) ကို ချိတ်ဆက် မည်ဖြစ်ပြီး နောက်ဆုံးတွင် ထိုင်း၊ မလေးနှင့် စင်ကာပူနိုင်ငံများအထိ ဆက်သွယ်မည့် အရှိန်မြှင့်ရထား အထူးအစီအစဥ်များပါဝင်သည်။
လူဦးရေ ၇.၂ မီလီယမ်ခန့်နေထိုင်သော ကွန်မြူနစ်နိုင်ငံတွင် ယခင်က အရှည် ၄ ကီလိုမီတာခန့်သာရှိသော မီးရထားသံလမ်းများသာရှိသည်။
သို့သော် ယခုအခါတွင် ချောမွတ်တောက်ပြောင်သော အနီရောင်၊ အပြာရောင်နှင့် အဖြူရောင် ကျည်ဆန် ရထားများသည် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် လမ်းကြောင်းအသစ်တွင် ခုတ်မောင်းမည် ဖြစ်ပြီး ဥမင်လိုဏ်ခေါင်း ၇၅ ခုနှင့် တံတား ၁၆၇ စင်းကို ဖြတ်သန်းကာ ခရီးသည်ဘူတာ ၁၀ ဘူတာထိ တိုင် ဆိုက်ရောက်သွားမည်။
ခရီးသွားဧည့်သည်များနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကို လာမည့် စနေနေ့မှ စတင်ရန်ရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော သူများကိုသာ ခွင့်ပြုသွားမည် နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြ ထားသည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: Bangkok Post