ဘန်ကောက်၊ နိုဝင်ဘာ ၂၇

ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍပြန်လည် မြှင့်တင်နိုင်ရေးအတွက် ကျန်ရှိ‌သော ခရိုင် ၆ ခုတွင် တင်း ကြပ်ထားသော ညမထွက်ရ စည်းကမ်းချက်ကို  ပယ်ဖျက်လိုက်ပြီးနောက် လာမည့်လမှ စတင်၍ ကာဖျူးလ် အမိန့်ကို ရုတ်သိမ်းသွားမည်။ 

ထိုင်းနိုင်ငံသည် ကုန်းလမ်းနှင့် ပင်လယ်လမ်းခရီးမှ ဝင်ရောက်ကြမည့် ခရီးသွားဧည့်သည်များကို နိုင်ငံအတွင်း သို့ ဝင်ရောက်နိုင်ရန် စီစဥ်မည်ဖြစ်ပြီး လေကြောင်းခရီးသည်များအတွက်လည်း ကိုဗစ် ၁၉ စစ်ဆေးခြင်း နည်းလမ်းကိုပြင်ဆင်ရန်ရှိကာ ခရီးသွားဧည်သည့်များကိုလည်း ထိုင်းနိုင်ငံအတွင်းရှိ ဒေသန္တရ ခရိုင်‌အများ အပြား လည်ပတ်နိုင်ရန်လည် ခွင့်ပြုသွားမည်။ 

ပြီးခဲ့သော သောကြာနေ့က ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာနှင့်အတူ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သော ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုစင်တာ (CCSA) သည် ထိုအတိုင်းအတာများကို ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ 

တောင်အာဖရိကနှင့် ဟောင်‌ကောင်၌ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ် ဖြစ်ပေါ်နေချိန်တွင် နိုင်ငံအား ပိုမိုဖွင့်လှစ်မည်ဟူသော ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် ဝန်ကြီးချုပ်နှင့်အစည်းအဝေးပြီးနောက် ပြုလုပ်သော ပုံမှန်သတင်းထုတ်ပြန်ချက်တွင် CCSA ၏ ပြောရေးဆိုခွင့်ရှိသူက မျိုးရိုးဗီဇအသစ်အကြောင်း ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပေ။ 

ဒီဇင်ဘာလ ၁ ရက်‌နေ့မှစတင်ပြီး Tak တက်၊ Nakhon Si Thammarat နခုန်ဆီတမ်မရတ်၊ Pattani ပတ်ထှာနီ၊ Yala ရာလာ၊ Narathiwat နာရတ်တီဝပ်နှင့် Songkhla ဆုန်ခလာစသည့် ခရိုင်များကို အန္တရာယ်အရှိဆုံးစာရင်းမှ ပယ်ဖျက်မည်ဖြစ်သလို ကာဖျူးလ်ထုတ်ပြန်ထားသော ခရိုင်/ဒေသန္တရ ၆ ခုတွင်လည်း အဆိုပါအမိန့်ကို အဆုံးသတ်မည်ဟု ဒေါက်တာ Taweesilp (တာဝီဆလစ်)က ပြောကြားခဲ့သည်။ 

ထိန်းချုပ်ရေးစင်တာသည် နိုင်ငံနှင့် နယ်နမိတ် ၆၃ နေရာမှ ဝင်ရောက်မည့် လေကြောင်းခရီးသွား ဧည့်သည်များကို ဒီဇင်ဘာ ၁၆ရက်နေ့မှ စတင်၍ antigen စစ်ဆေးခြင်းကို RT-PCR နည်းလမ်းဖြင့် အစားထိုးပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ တင်ပြထားသော တောင်းဆိုချက်ကို သဘောတူခဲ့သည်။ 

ရောဂါအ‌ဖြေသိရှိရန်အတွက် တိုတောင်းသော အချိန်အတိုင်းအတာကိုသာ လိုအပ်ပြီး အဆိုပါနည်းလမ်းသည် မကြာမီထိုင်းနိုင်ငံသို့ လာ‌ရောက်ကြမည့် ခရီးသွားဧည့်သည်များကို စစ်ဆေးနိုင်ရန် ခွင့်ပြုပေးသွားမည်။ လက်ရှိတွင် ကျင့်သုံးလျှက်ရှိသော စစ်ဆေးခြင်း နည်းလမ်းများတွင် ခရီးသွားများသည် RT-PCR အဖြေရရှိရန်အတွက် ဟော်တယ်များ၌ တစ်ည နေထိုင်ရန် လိုအပ်သည်။ 

နိုဝင်ဘာလ ၁ ရက်နေ့ ထိုင်းနိုင်ငံကို ပြန်လည်ဖွင့်လှစ်ချိန်မှစတင်၍ ဝင်ရောက်လာသော ခရီးသွားဧည့်သည် များမှ ရောဂါပိုးကူးစက်မှုအချိုးအစား နည်းပါးခြင်းကို CCSA ပြောရေးဆိုခွင့်ရှိသူက အထူးပြောကြား ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လေကြောင်းခရီးဖြင့် လာရောက်သော ခရီးသည် ၈၁၀၀၀ ဦးအနက် ရောဂါကူးစက်ခံရသူဦးရေမှာ ၆၃ဦး သို့မဟုတ် ၀.၀၈ % ရှိသည်ဟု ကျန်းမာရေး အာဏာပိုင်များမှ လေ့လာခဲ့ရသည်ဟု ပါရှိသည်။ 

ထိုင်းနိုင်ငံသည် Kanchanaburi ၊  Nonthaburi နှင့် Pathum Thani ကို ခရီးသွားဧည့်သည်များ လည်ပတ် နိုင်သော စာရင်းတွင် ထပ်မံထည့်သွင်းမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ Bangkok၊ Krabi၊ Phuket နှင့် Phangnga စသည့် ခရိုင်များသည်လည်း ပါဝင်လာမည်။ 

ရောဂါထိန်းချုပ်ရေး ဗဟိုစင်တာအနေဖြင့် ထိုင်း-လာအိုနယ်စပ်ဖြစ်သည့် Nong Khai ခရိုင်ကိုလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ နယ်ခြားအဝင် အထွက် ခွင့်ပြုမည်ဖြစ်သည်။ ပင်လယ်ခရီးဖြင့် ဝင်ရောက် ခွင့်ဆိုင်ရာ အချက်အလက်များကို များမကြာမီ ကြေငြာထုတ်ပြန်သွားမည်။ 

နှစ်သစ်ကူး ပိတ်ရက်ကာလများတွင် ဝင်ငွေများတိုးမြှင့်ရှာဖွေနိုင်ရန်အတွက် ဖျော်ဖြေရေးစင်တာများကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုပေးရန် လုပ်ငန်းရှင်များမှ တောင်းဆိုထားသော်လည်း CCSA အနေဖြင့် အဆိုပါ ပရဝဏ်များကို ဇန်နဝါရီလ အလယ်ထိ ပိတ်ထားရန် ညွှန်ကြားထားရှိသည်။ 

လူစုလူဝေးများဖြင့် ပြည့်ကျပ်ပြွတ်သိတ်မှုမှတဆင့် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်စဥ်များ ပြန်လည်ပေါ်ပေါက်လာ မည့်  စိုးရိမ်မှုကို CCSA မှကိုးကားပြောဆိုခဲ့သည်။  

“ဖျော်ဖြေရေးပရဝဏ်တွေမှာ ရောဂါကူးစက်မှုတွေကို အစုလိုက် အပြုံလိုက် ရှာဖွေတွေ့ရှိတဲ့အတွက် ကြောင့် မနှစ်ကတည်းကနေစပြီး ကျွန်ုပ်တို့ နိုင်ငံက နှစ်သစ်ကူးပွဲတော်ကျင်းပမှုတွေကို လွဲချော်နေခဲ့ရတာပါ”ဟု CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Dr Taweesilp က ပြောကြားခဲ့သည်။ 

သောကြာ‌နေ့က ကျင်းပ‌သော ထိုအစည်းအဝေးမှတဆင့် နိုင်ငံ့ အရေးပေါ်အ‌ခြေအနေကို ဇန်နဝါရီ လကုန်အထိ တိုးမြှင့်ထားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.