ဘန်ကောက်၊ နိုဝင်ဘာ ၁၃

လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ခေါ်ယူရေးနှင့် ဝင်ရောက် လာသူများသည် ကူးစက်ရောဂါများကင်းစင်ကြောင်း သေချာ‌စေရန် စည်းမျဥ်း သတ်မှတ် ချက်များပါဝင် သည့် လုပ်သားခေါ်ယူရေးလုပ်ငန်းစဥ်တစ်ရပ်ကို ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုစင်တာ CCSA မှ အတည်ပြု‌ပေးလိုက်ပြီးဖြစ်ပါတယ်။

CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Dr Taweesilp Visanuyothin က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အခြား သောနိုင်ငံများမှ လုပ်သားများခေါ်ယူရာတွင် မည်သည့် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်စဥ်တစုံတရာကိုမျှ တင်သွင်း သည့်သဘောမဖြစ်စေရန် အဆင့် ၈ ဆင့် ပါဝင်သော လုပ်ငန်းစဥ်တစ်ရပ်ကို အဆိုပြုခဲ့ပြီး CCSA အနေဖြင့် လည်း ၎င်း၏ သဘောတူညီမှုကို ပေးခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ အသစ်သတ်မှတ် လိုက် သည့် စည်းမျဥ်းများသည် လာမည့်လမှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ 

တရားမဝင် လုပ်သားဝင်ရောက်မှုကို ကန့်သတ်ထားသည့် ကိုဗစ်ရောဂါ ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ ကြောင့် စက်ရုံလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရပြီး ယခု အတည်ပြု ထုတ်ပြန်လိုက်သည့် သတင်းသည် လုပ်ငန်းရှင်များအတွက် သက်သာရာရစေသည်။ 

လုပ်ငန်းရှင်များအနေဖြင့် ပြည်ပနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူလိုပါက အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ ရုံးများတွင်  လျှောက်လွှာတစ်စောင် တင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များထံသို့ လည်း အဆိုပါလျှောက်ထားမှုကို ဖိုင်ပြုစု၍ ပေးအပ်ရမည်ဖြစ်သည်။ 

အခြားသောနိုင်ငံများဘက်မှ အဆိုပြုလုပ်သားများစာရင်းကို ပြုစုထားရမည်ဖြစ်ပြီး ထိုစာရင်းကို ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များမှ သက််ဆိုင်ရာ လုပ်သားများအတွက် အလုပ်လုပ်ကိုင်ခွင့်  (Work Permit) လျှောက်ထားမှု မတိုင်ခင်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် အဆိုပါလုပ်ငန်းရှင်များထံသို့ ပေးပို့ရမည်ဖြစ််သည်။ 

ထို့အပြင် လုပ်သားများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ လူမှုဖူလှုံရေးစနစ်တွင် စာရင်းသွင်းနိုင် ရန်အတွက် ကျန်းမာရေးအာမခံထားရှိပြီး ဖြစ်ကြောင်း စသည့် အ‌ခြေအနေများနှင့်ပတ်သက်သည့် သက်သေ အထောက်အထားကို ဝန်ကြီးဌာနသို့ ပေးပို့ရန် လိုအပ်ပါလိမ့်မည်။  

Dr Taweesilp ၏ ပြောကြားချက်အရ အလုပ်အကိုင်အခွင့်အလမ်းဌာနအနနေထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ တရားဝင် ဝင်ရောက်ရေးကို ပံ့ပိုးဆောင်ရွက်နိုင်ရန် ပြည်ပရှိ ထိုင်းသံရုံးများကို ဆက်သွယ်ဆောင်ရွက်မည်ဟု ပါရှိသည်။ 

လုပ်သားများသည် သူတို့၏ အတည်ပြုလျှောက်လွှာများနှင့်အတူ ကိုဗစ် ၁၉ ဆေးစစ်ရလဒ်များ၊ ကာကွယ် ဆေးဆိုင်ရာ စာရွက်စာတမ်းများ၊ ဗီဇာများနှင့် မည်သည့်နေရာတွင် ကွာရန်တင်း ဝင်ရောက်မည်၊ မည်သည့် ခရီးသွားနည်းလမ်းများကို အသုံးပြုမည် စသည့် အချက်အလက်များပါဝင်သော သတင်းအချက်အလက်ကို ကိုင်ဆောင်ထားရမည်ဖြစ်သည်။ 

ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော လုပ်သားများအနေဖြင့် အနည်းဆုံး ကွာရန်တင်း ၇ ရက်ဝင်ရန် လိုအပ်ပြီး စစ်‌ဆေးမှုကို နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်သည်။ ကာကွယ်ဆေး မထိုးနှံရသေးသူများအတွက်မူ ကွာရန်တင်း သီတင်းပတ် နှစ်ပတ်အထိဝင်ရောက်ရန်လိုအပ်ပြီး စစ်ဆေးမှုကို နှစ်ကြိမ်တိုင်ခံယူရမည် ဖြစ် သည်။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များအားလုံးအတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များမှ တာဝန်ယူ ရမည်ဖြစ်သည်။ ကွာရန်တင်းပြီးဆုံးသည့်နောက်တွင် သက်ဆိုင်ရာ လုပ်ငန်းများအတွက် လေ့ကျင့်သင်ကြား နိုင်ရန်  လုပ်ငန်းရှင်များသည် ယင်းတို့၏ လုပ်သားများကို လာရောက်ခေါ်ယူရမည် ဖြစ် ပြီး  လုပ်သားများဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ (Work Permit) ကို လက်ခံရရှိမည် ဖြစ်သည်။ 

အလုပ်သမားဝန်ကြီး Suchart Chomklin ၏ ပြောကြားချက်တွင်မူ လုပ်ငန်းရှင်များသည် ယင်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများ ကြားခံ၍သော်လည်းကောင်း ရွှေ့ပြောင်း လုပ်သားများကို ခေါ်ယူနိုင်ဟူ၍ ပါရှိသည်။ 

ပြည်နယ်/ဒေသန္တရ ၅ ခုဖြစ်သည့် ရနောင်၊ တာ့ခ် (မဲဆောက်ခရိုင်)၊ ဆာကီဝို (Sa Kaeo)၊ နွံခိုင် (Nong Khai) နှင့် မွက်ဒဟန် (Mukdahan) စသည့်‌နေရာများကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများမှ လာရောက် ကြမည့် ရွှေ့ပြောင်းလုပ်သားများအတွက် ကွာရန်တင်းတည်နေရာများအဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ထိုတည်နေရာများရှိ ဟော်တယ်အချို့ကိုလည်း ကွာရန်တင်းအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ 

ထို့အပြင် တရားမဝင် ဝင်ရောက်လာသော ‌ရွှေ့ပြောင်းလုပ်သားများသည်လည်း အလုပ်သမား ဝန်ကြီး ဌာနတွင် စာရင်းပေးသွင်းမှကို နိုဝင်ဘာလ ၃၀ ရက်အထိ အခမဲ့ ဆောင်ရွက်နိုင်သည် သက်ဆိုင်ရာ အာဏာပိုင် များမှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.