နယူးဒေလီ၊ နိုဝင်ဘာ ၁၂

အိန္ဒိယနိုင်ငံအစိုးရ၏ ‌ဆေးဘက်ဆိုင်ရာ သု‌တေသနအေဂျင်စီနှင့် Bharat Biotech International (ဘဟာရက်ဘိုင်အိုတက်) တို့မှ ပူးပေါင်းထုတ်လုပ်သော Covaxin ကာကွယ်ဆေးသည် ကိုဗစ် ရောဂါ လက္ခဏာကို ၇၇.၈ ရာခိုင်နှုန်းအထိ ပျောက်ကင်းစေသည့် အကျိုးအာနိသင်ရှိသည်ဟု The Lacent (သည် လာဆန့်) ဆေးဝါးဂျာနယ်ပါ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ 

Covaxin (ကိုဗက်ဆင်း) ကို နှစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်အကြာတွင် ပဋိပစ္စည်းတုံ့ပြန်ချက်ကို အားကောင်းရန်အတွက် လှုံဆော်ပေးသည့် သမားရိုးကျ ဗိုင်းရပ်စ် နည်းပညာကို အသုံးပြုထားသည်ဟု ဆိုသည်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မေလအတွင်း စမ်းသပ်လုပ်ဆောင်ခဲ့ပြီး အဆိုပါ အစီ အစဥ်တွင် ပါဝင်သည့် အသက် ၁၈ နှစ် ၉၇ နှစ်အထိရှိသော  ပါဝင်သူဦးရေ ၂၄,၄၁၉ ဦးတွင် ကာကွယ် ဆေးနှင့်ပတ်သက်သည့် အသက်ဆုံးရှုံးမှုများနှင့် ဘေးထွက်ဆိုး ကျိုးဖြစ်ပေါ်စေ‌သော အခြေ‌အနေများ မရှိခဲ့ဟု ရယူထားသော မှတ်တမ်းများအရ သိရသည်။  

Bharat Biotech နှင့် အိန္ဒိယဆေးဘက်ဆိုင်ရာ သုတေသနကောင်စီမှ ရန်ပုံငွေထောက်ပံ့မှုဖြင့် လုပ် ဆောင်သော ကာကွယ်ဆေးဆိုင်ရာ ကြားကာလ လေ့လာချက်သည် ကုမ္ပဏီမှ အစောပိုင်း ထုတ်ပြန် ထားသည့် အကျိုးအာနိသင်နှင့် လုံခြုံမှုဆိုင်ရာ ကြေငြာချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ဇန်နဝါ ရီလအတွင်း အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားသော ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ အငြင်းပွားမှုကို အဆုံးသတ် စေရန် ကူညီပေးနိုင်ပါလိမ့်မည်။ 

ထိုအငြင်းပွာမှုများဖြစ်ပွားခဲ့သော အချိန်တွင် ကာကွယ်ဆေးထိုးနှံခြင်းကို နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ရှင်းလင်းစွာ ဆောင်ရွက်ထားနိုင်ခြင်းမရှိသဖြင့် အစောပိုင်းရက်သတ္တပတ်များအတွင်း အိန္ဒိယ၌ ကာကွယ်ဆေးထိုးခြင်းများကို  များစွာ တုံ့ဆိုင်းသွားစေခဲ့သည်။

အိန္ဒိယနိုင်ငံအတွင်း အလုံးရေ ၁၀၀ မီလီယမ်အထိ အသုံးပြုထားခဲ့ပြီးဖြစ်သော Covaxin ကာကွယ် ဆေးကို WHO မှ အရေးပေါ်  သုံးစွဲရန် ခွင့်ပြုသည့် ကိုဗစ် ကာကွယ်ဆေးစာရင်းတွင် လွန်ခဲ့သော ရက် သီတင်းပတ်က ထည့်သွင်းခဲ့သည်။ 

The Lacent ဂျာနယ်ပါ သုံးသပ်ချက်အရ ကာကွယ်ဆေး၏ ရေရှည်လုံခြုံမှုနှင့် အကျိုးအာနိသင်များ အပါအဝင် ပြင်းထန်ရောဂါဖြစ်ပေါ်ခြင်း၊ ဆေးရုံတက်ရောက်ရခြင်း နှင့် သေဆုံးခြင်းများမှ ကင်းဝေ စေမည့် အခြေအနေနှင့် Delta ဗိုင်းရပ်စ်နှင့် အခြားသော မျိုးဗီဇများကိုလည်း ကာကွယ်ပေးနိုင်သည့် စွမ်းဆောင်ရည်များကိုလည်း သုတေသနများ လုပ်ဆောင်သွားရန် လိုအပ်လိမ့်မည်ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.