မြန်မာစစ်တပ် လူ့အခွင့်အရေးကျူးလွန်ခဲ့သည်က ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ သာ မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှ စတင်ရေတွက်မည်ဆိုလျှင် ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ မြို့ပြကျေးရွာများကို မီးရှို့ခြင်း၊ တိုင်းရင်းသူများကိုမုဒိမ်းကျင့်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သတ် ဖြတ်ခြင်းများကို မြန်မာစစ်တပ်ကျူးလွန်ခဲ့သော်လည်း ထိထိရောက်ရောက်အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမှ အရေးယူနိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုအချိန်ထိ မြန်မာစစ်တပ်က စိတ်ထင် တိုင်းသောင်းကျန်းနေဆဲဖြစ်သည်။

ဆိုရှယ်မီဒီယာကွန်ယက်တခုဖြစ်သော Facebook သည် နိုင်ငံတကာရာဇဝတ်မှုများအတွက် အဆိုးရွားဆုံးသော ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်အထောက်အထားများကို ၂၀၁၁ ခုနှစ်မှ စတင်စုဆောင်းထားခဲ့သည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်ကျုးလွန်ခဲ့သော ရာဇဝတ်မှုဆိုင်ရာသတင်းအချက်အလက်များ Facebook မှ ထပ်မံ ပေးအပ်နိုင်လိမ့်မည်ဟုမျှော်လင့်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြီးအကဲဖြစ်သူက ပြီးခဲ့သော သောကြာနေ့‌က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်‌သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM)ကို အမျိုးသားရင်ကြားစေ့ရေးအတွက် ပြည် တွင်းပြည်ပနိုင်ငံတကာတရားရုံးများတွင်တရားစွဲဆိုသည့်အခါ အမှုဖိုင်များတည်‌ဆောက်ရန်ရည်ရွယ်ပြီး ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ၂၀၁၈ ခုနှစ်၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်နှစ်မှာ ပင် လုပ်ငန်းများစတင်ခဲ့သည်။

မြန်မာနိုင်ငံလူဦးရေထက်ဝက်ကျော်အသုံးပြုနေသော Facebook အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် IIMM နှင့်လက်တွဲလုပ်ဆောင်နေကြောင်း ယခင်ကပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးများက ဆိုရှယ်မီဒီယာသည် အကြမ်းဖက်မှုများဆောင်ရွက်ရန်လှုံဆော်ပေး သောနေရာြဖစ်ပြီး အမုန်းစကားများပျံ့နှံ့ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း Facebook က အမုန်း စကားများ တားဆီးနိုင်ရန်ကြိုးစားလုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။

“အဖွဲ့စတင်ဖွဲ့စည်းပြီး ၂၀၁၉ ခုနှစ်တွင် Facebook နှင့်ထိတွေ့ဆက်ဆံမှုရှိခဲ့ကြောင်းနှင့် ပုံမှန်တွေ့ဆုံလျက်ရှိ ကြောင်း” ဂျီနီဗာအခြေစိုက် IIMM ၏အကြီးအကဲ နီကိုလပ်စ် ခွန်မ်ဂျီအန်က နယူးယောက်သတင်းထောက်များ ကို သောကြာနေ့က ပြောကြားခဲ့သည်။ “ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက်အချို့ လက်ခံရရှိထားသော် လည်း အားလုံးကတိတိကျကျမဟုတ်သောကြောင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ သတင်းအချက် အလက် အမှန်များ ဆက်လက်ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း နှင့် မိမိတို့ရရှိထားသောအချက်အလက်များ ကို ယခုပြန်လည်သုံးသပ်နေကြောင်း” ဖြင့်လည်းပြောသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကိုလူမျိုးတုံးသတ်ဖြတ်ခဲ့သည်။ ရိုဟင်ဂျာ ၇ သိန်း ၃ သောင်း ကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခဲ့ရသဖြင့် မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားသည်။ သို့သော် လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာနိုင်ငံက ငြင်းဆိုထားပြီး ရဲကင်းစခန်းများ တိုက်ခိုက်ခဲ့သော စစ်သွေးကြွများကိုသာ တရားဝင်စစ်ဆင်ရေးဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆို သည်။

လူမျိုးတုံးသတ်ဖြတ်မှုများကို မြန်မာစစ်တပ်က မည်ကဲ့သို့ငြင်းဆိုနေစေကာမူ ပြီးခဲ့သောအောက်တိုဘာလက ချင်းပြည်နယ်တွင် မြန်မာစစ်တပ်ကျူးလွန်ခဲ့သောပြစ်မှုများက အလားတူနောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်နေကြောင်း သိသာနေပါသည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်ကို အပြစ်ပေးအ‌ရေးယူရန် အချိန်လွန် နေပြီ ဖြစ်ကြောင်း နိုင်ငံတကာကပြောဆိုနေကြသည်။

စီးပွားရေးကျဆင်းမှုနှင့်အတူ ကြီးထွားလာသောပဋိပက္ခများကြောင့် မြန်မာနိုင်ငံအခြေအနေက ဆိုးရွားသည် ထက် ဆိုးရွားလာနေပြီး လူပေါင်း ၃ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာအကြီးအကဲ မာတင် ဂရစ်ဖ်ဖစ်သ် က နိုဝင်ဘာ ၈ ရက် တနင်္လာနေ့က သတိပေးပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်နေ့မှာပင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း တံခါးပိတ် အစည်းအဝေးကျင်းပခဲ့သည်။ အဆိုပါတံခါးပိတ်အစည်းအဝေးကျင်းပခဲ့သည့်နေ့စွဲက ဖေဖော်ဝါရီ ၁ ရက် စစ်အာ ဏာသိမ်းမှုတွင်ဖြုတ်ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NLD ပါတီ ပြန်လည်ရွေးကောက်ခံ ရသည့် ရွေးကောက်ပွဲကျင်းပခဲ့ရာ တနှစ်ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်နေသည်။

“ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ယူဆထားပါတယ်” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်း ဒူဂျာရစ်ကပြော သည်။ “ပြည်သူတွေရဲ့ဆန္ဒကိုလေးစားလိုက်နာဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် စစ်တပ်ကို ကုလသမဂ္ဂက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်”ဟုလည်းပြောသည်။

မြန်မာနိုင်ငံ‌အနောက်မြောက်ပိုင်းဒေသများတွင် မြန်မာစစ်တပ်ကစစ်အင်အားများစွာဖြင့် တိုက်ခိုက်နေသော ကြောင့် တင်းမာမှုများဖြစ်ပေါ်နေပြီး စိုးရိမ်မှုများလည်းရှိနေကြသည်။ အဆိုပါစစ်ဆင်ရေးပုံစံသည် လွန်ခဲ့သော ၄ နှစ်က ရခိုင်ပြည်နယ်တွင်မြန်မာစစ်တပ်ကျုးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုပုံစံနှင့်တူနေသည့်အတွက် လုံခြုံ ရေးကောင်စီအစည်းအဝေးကျင်းပရန်တောင်းဆိုခဲ့ခြင်းဖြစ်သည် ဟု ဗြိတိန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာလက် ထောက်သံအမတ်ကြီး ဂျိန်းစ် ကာရီအူကီ က သတင်းထောက်များကိုပြောသည်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင် မြန်မာစစ်တပ် နှင့် ချင်းပြည်ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာပြီး မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လာသည့် အတွက် စိုးရိမ်ဖွယ်ကောင်းကြောင်း ကုလသမဂ္ဂအကူအညီပေးရေးဆိုင်ရာအကြီးအကဲ မာတင် ဂရစ်ဖ်ဖစ်သ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုရားရှိခိုးကျောင်းများ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတခု၏ရုံးများအပါအဝင် အိမ် ပေါင်း ၁၆၀ ကျော်မီးလောင်ခဲ့ရသောကြောင့် အမျိုးသမီး နှင့် ကလေးသူငယ်ပေါင်း ၃၇၀၀၀ ကျော် နေရပ် ပြောင်းရွှေ့ခဲ့ရသည်ဟုလည်း ဂရစ်ဖ်ဖစ်သ်က ပြောသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းဝန်ထမ်းများနှင့် အဆောက်အဦများ ၊ အရပ်သားများ နှင့် ၎င်းတို့ပိုင်ဆိုင်သောအဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်းက နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်တွင် တားမြစ်ထားသောအရာဖြစ်ပြီး “ချက်ချင်းရပ်တန့်ရမည်” ဟု သူကပြောသည်။

ကြည်ဖြူစံ

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.