မော်လမြိုင် ၊ နိုဝင်ဘာ (၉)

မော်လမြိုင်တက္ကသိုလ်မှာ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းလာအပ်တာ မရှိဘူးလို့ တက္ကသိုလ် ဆရာ၊ဆရာမတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အဝေးသင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းလာအပ်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ နိုဝင်ဘာ ၈ ရက်နေ့ထိ ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ကျောင်းသားတွေ မရှိသေးဘူးလို့ တက္ကသိုလ် ဆရာမ တစ်ဦးက ပြောပါတယ်။

အဝေးသင်ကျောင်းသူ၊ကျောင်းသာတွေ ကျောင်းလာမအပ်တဲ့အတွက်ကြောင့် စစ်ကောင်စီ လက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့ထိ ကျောင်းအပ်ကာလ ထပ်မံ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ အဝေးသင်တက္ကသိုလ်ကျောင်းသူ၊ကျောင်းသား သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ် ပြန်ဖွင့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.