မော်လမြိုင် ၊ နိုဝင်ဘာ (၆)

ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကျေးရွာ ၃ ရွာ ရွာလွတ်လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ရေဖြူမြို့နယ် သစ်ကတိုးရွာနဲ့ မြေးခန္တီ ရွာကြားမှာ နိုဝင်ဘာ ၃ ရက်နေ့က ဒေသခံ PDF တွေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးသွားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေစာ သစ်ကတိုး၊ မြေးခန္တီနဲ့ ရေဘိုကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်ရတာ ဖြစ်ပါတယ်။

“စကစတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိလို့ သစ်ကတိုးက ဒေသခံတွေကို ဖမ်းခေါ်သွားတာရှိတယ်။ ပြီးတော့ တိုက်ပွဲလည်းဖြစ်နေကြလို့ ဒေသခံတွေက ကြောက်ပြီး ထွက်ပြေးကြတယ်။ သိရသလောက်တော့ ၃ ရွာလောက်က ဒေသခံတွေ ပြေးကြတယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထွက်ပြေး တိမ်းရှောင်ခြင်း မရှိတဲ့ ရွာသားတွေ ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲဒီကျေးရွာတွေမှာတော့ ထွက်ပြေးမနိုင်တဲ့ ရွာသား ၁၀ ဂဏန်းလောက်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.