မော်လမြိုင်၊ နိုဝင်ဘာ ၆

ပြည်သူ့တော်လှန်ရေးအင်အားစုများ လိုက်နာရန်အတွက် ကျင့်ဝတ်စည်းကမ်းလမ်းညွန်ချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေပြင်ပြောက်ကျားအင်အားစုများပါ လိုက်နာရန်အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ NUG က ဆိုပါတယ်။

အဓိကအချက်များအနေဖြင့် NUG ရဲံ စက်ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို လိုက်နာဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနရဲံ အမိန့်ပေးကွပ်ကွဲမှုစနစ်တွင် ပူးပေါင်းပါဝင်ဖို့၊ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဖို့စသည်များပါဝင်ပါတယ်။

ယင်းအပြင် ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များနှင့် မြေပြင်ပြောက်ကျားအင်အားစုများအနေဖြင့် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနထံ စာရင်းပေးသွင်းချိတ်ဆက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် အထောက်အပံ့တောင်းခံခွင့်ရမည်ဖြစ်ပြီး စစ်ရေးလိုအပ်ချက်အပေါ်မူတည်ကာ ပံ့ပိုးမည်ဟုလည်း ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.