မော်လမြိုင် ၊ နိုဝင်ဘာ (၄)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြေးခန္တီးကျေးရွာအနားမှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဖြူမြို့နယ် သစ်ကတိုးရွာကနေ မြေးခန္တီကျေးရွာကို ချီတက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရလိုက်ရတာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းသုံးလုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက ရေဖြူမြို့နယ်၊ သစ်ကတိုးရွာမှာ လာရောက်တပ်စွဲထားတာ ဖြစ်ပြီး၊ အင်အား ၁၀၀ လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.