Radio Than Lwin Times(Episode 4/11)
https://www.youtube.com/embed/DlUfs4BZM4k
https://www.youtube.com/embed/DlUfs4BZM4k
မော်လမြိုင်၊ နိုဝင်ဘာလ ၄ ကရင်ပြည်နယ်၊ မြဝတီမြို့က ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးမှာ PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင်…
ဘန်ကောက်၊ နိုဝင်ဘာ ၃ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သည့် ဖွေထိုင်း ပါတီအတွင်း ဝန်ကြီးချုပ်ဟောင်း သက်ဆက် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူက တာဝန်အခန်းကဏ္ဍတစ်ခုနှင့် ပါဝင်လာခြင်းသည် ရှင်နာဝါထရာ မိသားစု ပြန်လာမည်ဟူသော ကောလဟာလများကို သေချာစေရန် မီးမောင်းထိုးပြသနေခြင်းဖြစ်သည်။ ဤအခြေအနေသည် မစ္စ Paetongtarn “Ing” Shinawatra ၏ ပထမဦးဆုံးအကြိမ် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ပါတီ၏ ပေါင်းစည်းရေးနှင့်…
မော်လမြိုင် ၊ နိုဝင်ဘာ (၄) ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို…
မော်လမြိုင် ၊ နိုဝင်ဘာ (၄) စစ်တပ် အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေ အလုပ်အကိုင် မရှိတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ မသန်းစွမ်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားတာနဲ့အတူ ဝင်ငွေ မရှိတော့တဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာကြပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ မိသားစုအတွင်း လူမှုရေး ပြဿနာတွေအပြင် စားဝတ်နေရေး…
မော်လမြိုင် ၊ နိုဝင်ဘာ (၄) စပါးပေါ်ကာလမှာ တောင်သူအများစု အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး သွင်းကုန်ပစ္စည်းတွေ ဈေးမကျရင် လယ်ယာမြေကို စွန့်လွှတ်ရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ် မိုးစပါးနဲ့ လာမယ့်နှစ် နွေးစပါးအတွက် အခြေခံရည်ညွှန်းစပါးတင်း ၁၀၀ ဈေးနှုန်းကို ကျပ် ၅၄၀၀၀၀ သတ်မှတ်ထားတယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။…
မော်လမြိုင် ၊ နိုဝင်ဘာ (၄) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြေးခန္တီးကျေးရွာအနားမှာ နိုဝင်ဘာလ ၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေဖြူမြို့နယ် သစ်ကတိုးရွာကနေ မြေးခန္တီကျေးရွာကို ချီတက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခံရလိုက်ရတာ ဖြစ်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းသုံးလုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့…