လိုင်စင်မဲ့ယာဥ် ဆက်တိုက်ဖမ်းဆီးနေလို့ ဘားအံမှာ ကုန်စည်ရောင်းဝယ်မှု ချက်ချင်းထိုးကျ
မော်လမြိုင် ၊ နိုဝင်ဘာ (၃၀) ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း အရောင်းအဝယ်လုပ်တာ မရှိသလောက် နည်းပါးလာတယ်လို့ ကုန်ပစ္စည်းတင်ပို့ရောင်းချနေသူတွေက ပြောပါတယ်။ ဘားအံမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတဲ့အတွက်ကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူတွေအတွက်…