October 26, 2021

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ထားဝယ်က လူငယ်နှစ်ဦး တစ်ရက်အကြာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရေဝိုင်းတောလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် တစ်ရက်အကြာမှာ လူငယ် ၂ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူ ၂ ဦးမှာ ထားဝယ်မြို့၊ ဥတ္တရံ ရပ်ကွက်နေ ကိုထက်ဝေနိုင် ၂၂ နှစ်နဲ့ကိုသန်းစိုးဦး ၂၃ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူငယ် ၂…

ဝင်းရေးက စစ်ကောင်စီတပ်တွေ မဆုတ်သေးလို့ တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားဆဲဖြစ်တဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွတ်ရှမ်းရွာရဲ့ ကေအဲန်ယူစစ်ဆေးရေးဂိတ်မှာ နေရာယူတပ်စွဲထားပြီး ဒီကနေ့ မနက်ပိုင်းက အဲ့ဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တချို့ သံဖြူဇရပ်ဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနက်က တဖွဲ့တွေ့လိုက်တယ် ပြန်တာ။ မကုန်သေးဘူး။…

မွန်နှင့်တနင်္သာရီဒေသမှာ ပျူစောထီးအဖွဲ့တွေက အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်လာ

မော်လမြိုင် ၊ အောက်တိုဘာ (၂၅) မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့တွေက အခုရက်ပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။ ပျူစောထီးအဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးနဲ့ ထားဝယ်ခရိုင်က NLD ပါတီရုံးကို မိုင်းခွဲ…

ကာကွယ်ဆေးထိုးခြင်းကို တိုးမြှင့်ပြီးမှ နိုင်ငံပြန်လည်ဖွင့်လှစ်ရေးဆောင်ရွက်မည်ဟု အင်ဒိုနီးရှားသမ္မတပြော

ဂျာကတာ၊ အောက်တိုဘာ ၂၅ အင်ဒိုနီးရှားနိုင်ငံအတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းနှင့်အထက် ထိုးနှံပြီးစီးသော နေရာများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု၍ သမ္မတ Joko Widodo က အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးဖိုရမ်တွင် တနင်္လာနေ့က ပြောကြားခဲ့သည်။ မစ္စတာ Widodo က အရှေ့တောင်အာရှအနေဖြင့် ခရီးသွားကန့်သတ်ချက်များကို လျှော့ချပေးနိုင်ရန်အတွက် စတင်လုပ်ဆောင်သင့်ကြောင်း၊ ဒေသန္တရအတွင်း အနာဂတ်တွင်…