တော်လှန်သင်္ကြန် အကြိုနေ့ မြင်ကွင်း ( photo - credits)

မော်လမြိုင် ၊ အောက်တိုဘာ (၂၃)

အာဏာသိမ်း စစ်ကောင်စီဟာ NLD အစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးထားတဲ့ ချေးငွေကို CDM ဝန်ထမ်းတွေအနေနဲ့ အခုလကုန်မှာ တစ်ခါတည်း အကျေပြန်ဆပ်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားစာမှာတော့ CDM ဝန်ထမ်းတွေအနေနဲ့ ချေးငွေ ပြန်မဆပ်ရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့  ခြိမ်းခြောက်ထားကြောင်း ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။

“ စာထဲမှာတော့ ဘယ်နေ့ဘယ်လကစပြီး အလုပ်ဖြုတ်လိုက်ပြီးပေါ့။ အရင်က ထုတ်ပေးထားတဲ့ ချေးငွေတွေက အခုအကျေပြန်ဆပ်ဖို့ပေါ့ ။ မဆပ်ရင် တရားဥပဒေအရ တရားယူမယ်ပေါ့။ အဲ့လိုရေးထားပါတယ်” လို့  ၄င်းက ဆိုပါတယ်။

စစ်ကောင်စီကတော့ အခုလကုန်မှာ ချေးငွေ ပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို စာရင်းပြုစုထားဖို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားပါတယ်။

တချို့ဌာနတွေမှာတော့ CDM ဝန်ထမ်းတွေ ချေးငွေ ပြန်မဆပ်ရင် မိသားစုဝင်တွေမှာ တောင်းယူကြဖို့ ညွှန်ကြားနေပါတယ်။

စစ်ကောင်စီက ချေးငွေတွေ ပြန်ဆပ်ဖို့  ဖိအားပေးနေပေမယ့် ပြန်ဆပ်သွားမှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ သူတို့ကတော့ ပြန်မဆပ်ရင် အရေးယူမယ်လို့ပြောတယ်။ ဘယ်လောက်အထိ အရေးယူမလဲဆိုတာ ဆရာမတို့ ထိုင်ကြည့်နေပါမယ်။ ဆပ်ဖို့က မရှိပါဘူး ကို့အစိုးရတက်လာရင်တော့ ပြန်ဆပ်ဖို့ အသင့်ရှိပါတယ်” လို့ CDM ဆရာမတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ ဖိအာပေးနေတာဖြစ်ပြီး အခုအခါမှာတော့ ချေးငွေ ပြန်ဆပ်ကြဖို့နဲ့ ပြန်မဆပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံဝန်ထမ်း ထောင်နဲ့ချီ  CDM ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။

တချို့ CDM ဝန်ထမ်းတွေကတော့ စစ်ကောင်စီက အမှုဖွင့်ထားတဲ့အတွက်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.