မော်လမြိုင်၊ အောက်တိုဘာ ၁၁

ကရင်ပြည်နယ် ၊ ကော့ကရိတ်အနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အကျအဆုံးများပြားခဲ့ပြီး အလောင်းတောင် သွားရောက်မကောက်နိုင်ဘူးလို့ နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲရွာဘက်မှာ ဒီကနေ့‌ အောက်တိုဘာ ၁၁ ရက်နေ့ တစ်ရက်တည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။

စစ်အုပ်စုဘက်က ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့နွဲရွာထဲကို နယ်မြေကျူးကျော်ဝင်ရောက်လာလို့ အခုလို နယ်မြေခံ KNLA တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။



ဒီကနေ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၅ ဦးသေဆုံးသွားခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

” သူတို့ဘက်က သေတဲ့လူနဲ့ ဒဏ်ရာရသူတွေကို ခုထိမထုတ်ရသေးဘူး။ ဖြစ်တဲ့နေရာမှာရှိနေတုန်းပဲ။ သေသူနဲ့ ဒဏ်ရာရသူများတယ်။ ညဘက်မှ ထုတ်ကယ်လို့ရမယ်။ သူတို့မတိုးရဲ့တော့ဘူး” လို့ နယ်မြေခံ KNLA လုံခြုံရေးတပ်ဖွဲ့ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အထိအခိုက်အကျအရှုံးများတဲ့ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ ချောင်းတောင်ရပ်မှာ တပ်အင်အားတိုးချဲ့ချထားတာတွေရှိနေပြီး မြဝတီဘက်က တပ်တွေကပါ အင်အားလာက်ရောက်ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.