October 11, 2021

ကော့ကရိတ်တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အလောင်းမကောက်နိုင်သေးဘူးလို့ KNU ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁၁ ကရင်ပြည်နယ် ၊ ကော့ကရိတ်အနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အကျအဆုံးများပြားခဲ့ပြီး အလောင်းတောင် သွားရောက်မကောက်နိုင်ဘူးလို့ နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့ အာရှလမ်းမအနီး ကော့နွဲရွာဘက်မှာ ဒီကနေ့‌ အောက်တိုဘာ ၁၁ ရက်နေ့ တစ်ရက်တည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။…

BGF က လမ်းပိတ်ထားတာကြောင့် ဒေသခံတွေ သွားလာရခက်ခဲပြီး စားသောက်ကုန် သယ်ယူဖို့ အခက်တွေ့နေ

ဘီးလင်း၊ အောက်တိုဘာ ၁၁ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ ကားမဲဂိတ်ကို BGF ဘက်မှ ပိတ်ထားတာကြောင့် ဒေသခံ‌တွေ သွားလာရခက်ခဲပြီး စားသောက်ကုန်‌တွေ သယ်ဆောင်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ကားမဲဂိတ်ကို ပိတ်ထားတာ တစ်ပတ်ခန့်ကြာမြင့်လာအတွက် ဒေသခံများအဖို့ နီးစပ်ရာကျေးရွာနဲ့ သထုံသို့လာဖို့ အခက်ခဲ‌ တွေ ဖြစ်နေကြပါတယ်။ ” ဂိတ်ကို ပိတ်ထားတော့ ပြည်သူတွေ သွားလာလို့မရဘူး။ အောက်ဘက်ရွာတွေကလူတွေလည်း…