မော်လမြိုင် ၊ အောက်တိုဘာ (၈)

မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ထိ ရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ဆေးရုံတက်ရောက်ကုသသူ စာရင်းသာဖြစ်တဲ့အတွက်ကြောင့် မြေပြင်အခြေအနေမှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။

မွန်ပြည်နယ် ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အောက်တိုဘာလကစပြီး သိသိသာသာ ကျဆင်းလာပေမယ့် ရောဂါပိုး ကူးစက်ခံရသူနဲ့ သေဆုံးသူတွေ နေ့စဉ်နဲ့အမျှ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ရောဂါပိုးကို မပေါ့ဆကြဖို့နဲ့ နေအိမ်အပြင်ထွက်တိုင်း မဖြစ်မနေ  Mask တပ်ဆင်ကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက တိုက်တွန်းနေပါတယ်။

“ ကာကွယ်ဆေးထိုးပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့ နေဖို့ တိုက်တွန်းချင်ပါတယ်။ mask တပ်ဖို့နဲ့ လူစုလူဝေးတွေထဲ မသွားဖို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မော်လမြိုင်၊ သံဖြူဇရပ်၊ ချောင်းဆုံနဲ့ ရေးမြို့နယ်ဟာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူ အများဆုံး ဖြစ်ပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက ကိုဗစ်ကုသရေး ဆေးရုံတချို့ စတင် ပိတ်သိမ်းလာပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.