ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံ၏ ပဋိပက္ခကို အဆုံးသတ်ပြီး ငြိမ်းချမ်းမှုကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ အာဆီယံအဆင့်သဘောတူညီချက်တဲ့ အချက်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ယခုလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့က ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းမှုတွင် ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ထံတင်ပြခဲ့ပေမယ့် တိုက်ရိုက်အကြောင်းမပြန်ခဲ့ဘူးလို့ အလှည့်ကျ အာဆီယံဥက္ကဌ ဘရူးနိုင်းနိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ အီရာဝန်က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာပြည်ဟာ ဖရိုဖနဲ့ဖြစ်နေပြီး ဆယ်စုနှစ်တစ်ခုအကြာ ဒီမိုကရေစီရေးတည်ဆောက်မှုတွေဟာလည်း အဆုံးသတ်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းစဉ်ကာလမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကြောင့် ကုလသမဂ္ဂစာရင်းတွေအရ ပြည်သူ ၁၁၀၀ ကျော်အသတ်ခံရပြီး နိုင်ငံအနှံ့တက်ကြွလှုပ်ရှားသူ၊ ဆန္ဒပြသူများစွာဖမ်းဆီး အရေးယူခံရပါတယ်။

အာဆီယံရဲ့ သဘောတူညီချက်ထဲမှာ အစုအဖွဲ့အားလုံးတွေ့ဆုံဆွေးနွေးဖို့ပါဝင်ပြီး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို လက်ခံဖို့နဲ့ စစ်ရပ်စဲရေးတွေလုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကာလကြာရှည်တဲ့ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အာဆီယံအတွက် ညီညွတ်စွာပေါင်းစည်းမှု၊ ဝင်ရောက်မစွက်ဖက်ရေးမူကို သွေးထိုးစမ်းသလိုဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တော့ မြန်မာစစ်ကောင်စီရဲ့ တိုးတက်မှုမရှိတဲ့ လုပ်ဆောင်မှုအပေါ် စိတ်ပျက်မိကြောင်း ပြောဆိုမှုတွေရှိလာပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တိုးတက်မှုမရှိရင်တော့ စစ်ကောင်စီခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ခက်ခဲမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗဒူလာက ယင်း၏ တွစ်တာမှာ ရေးသားလိုက်ပါတယ်။

လူသားဆန်မှုရှိမယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်လို့ အာဆီယံကချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်ဖို့အတွက် အထူးကိုယ်စားလှယ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မှတ်ချက်ပြုပြောလိုက်ပါတယ်

Ref : The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.