မနီလာ၊ အောက်တိုဘာ ၄

လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဟု သမ္မတဒူတာတေးက ပြောဆိုလိုက်ပါတယ်။

ယင်းအပြင် သမ္မတဒူတာတေး၏ ကာလတာရှည်လက်တွဲခဲ့သည့် လက်ထောက်ကိုလည်း ဒုသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားခဲ့ပါတယ်။

သမ္မတဒူတာတေး၏ သမီးဖြစ်သူ မစ္စဆရာဒူတာတေးကာပီအိုသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ပြီး အဆိုပါမြို့တော်ဝန်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းသွားထားသူလည်းဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိသော မစ္စတာ ဒူတာတေးသည် နိုင်ငံရေးမှ အနားယူလိုကြောင်း ပြီးခဲ့တဲ့ စနေနေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး သမီးဖြစ်သူမှ သမ္မတရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သောကြောင့် လမ်းကြောင်းကြိုရှင်းခြင်းလည်းဖြစ်ကြောင်း ဆိုကြပါတယ်။

သမီးဖြစ်သူ သမ္မတလောင်းအဖြစ် ဝင်ရောက်မည့်အစီအစဥ်အတွက် သမ္မတဒူတာတေးအား အာဏာအလွဲသုံးစားလုပ်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရကို ဆန့်ကျင်ချိုးဖောက်နေတယ်လို့ ဝေဖန်မှုတွေလည်းရှိလာပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲက သမ္မတဒူတာတေးအနေဖြင့် စာရင်းသွင်းရမည့်နောက်ဆုံးအချိန်ကို ကပ်ပြီးမှ စာရင်းသွင်းခဲ့သည့်အတွက် သူ၏သမီးဖြစ်သူကိုလည်း အလားတူအချိန်ကပ်မှ စာရင်းသွင်းနိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်းကို အောက်တိုဘာလ ၈ ရက်နေ့ထိ နောက်ဆုံးထားစာရင်းသွင်းရမှာဖြစ်ကာ ပယ်ဖျက်ခြင်း အစားထိုးခြင်းများကိုလည်း နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ပြုလုပ်ရန်ခွင့်ပြုထားပါတယ်။

ဘာသာပြန် – အောင်မျိုးမြတ်
Ref – The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.