စစ်ကောင်စီက ခွင့်ပြုရင် ဈေးတွေပြန်ဖွင့်ပေးမယ်လို့ စည်ပင်ပြော
မော်လမြိုင်၊ စက်တင်ဘာ ၂၉ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လအတော်ကြာ ပိတ်ထားရတဲ့ ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့ သက်ဆိုင်ရာ ဈေးကော်မတီတွေက တောင်းဆိုနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဈေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး ကျန်ကုန်ပစ္စည်းတွေကိုတော့ ရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဈေးတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုလာတာတဲ့အတွက်ကြောင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြထားတယ်လို့…