မော်လမြိုင်၊ စက်တင်ဘာလ ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာရှိ Mytel တာဝါတိုင် မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
အဲဒီ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့တာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တဲ့ Mytel တာဝါတိုင်ကို ပြီးခဲ့တဲ့ ဇွန်လတုန်းက ဗုံးခွဲဖျက်ဆီးထားခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည် ပြုပြင်ထားတဲ့အတွက်ကြောင့် ထပ်မံ မီရှို့ဖျက်ဆီးရတာလို့ YPDF အဖွဲ့က ဆိုထားပါတယ်။
YPDF အဖွဲ့ဟာ ရေးမြို့နယ် အတွင်းမှာရှိတဲ့ Mytel တာဝါတိုင် ၄ ခုထက်မနည်း ဗုံးခွဲဖျက်ဆီးထားသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကိုလည်း ဗုံးခွဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
သတင်း- သံလွင်တိုင်းမ်