ကျိုက်ထို၊ စက်တင်ဘာ ၂၃

ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီး ခဝါချောင်းတံတားနဲ့ ဝါးတာဂိတ်အကြားမှာ မနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ ကင်းပုန်းသိမ်းပြီး ပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဖြစ်တာက ကားလမ်းဘေးမှာ မိုင်းကွဲတာ။ မိုင်းကွဲတဲ့အချိန်မှာ စစ်ကားကရှေ့ရောက်နေပြီး။ မိုင်းတော့မထိသွားဘူး၊မိုင်းကွဲပြီးတော့ စစ်သားတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်သွားတယ် ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ထိခိုက်ပျက်စီးမှု မရှိပေမယ့် စစ်ကားနဲ့ လက်လျက် မောင်းနှင်လာတဲ့ ဆိုင်ကယ် တစ်စီး မိုင်းစထိမှန်ခဲ့ပြီး ဆိုင်ကယ်ပေါ်က လူငယ်တစ်ဦးကို ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရမ်းသမ်းပစ်ခတ်ခဲ့လို့ အနီးအနားက နေအိမ်တစ်လုံးရဲ့ အိမ်နံရံတွေ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်တွင်းပစ္စည်းတွေ ပြုတ်ကျ၍ နေအိမ်အတွင်းရှိ အဖွားအို ၁ ဦး ခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.