ဝါရှင်တန်၊ စက်တင်ဘာ ၈

အာဖကန်နစ္စတန်နိုင်ငံအတွင်း အစ္စလာမ်အစွန်းရောက်များ၏ အာဏာသိမ်းယူမှုပြီးသည့်နောက်တွင် တရုတ်နိုင်ငံအနေဖြင့် တာလီဘန်များနှင့် သဘောတူညီချက်ချုပ်ဆိုရန် ကြိုးစားလာနိုင်မည်မှာ သေချာကြောင်းဟူ၍ ဩဂုတ်လ ၁၅ ရက်နေ့၊ အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဥပဒေအရ ပိတ်ပင်တားဆီးထားသည့် ထိုအစုအဖွဲ့ကို ရန်ပုံငွေထောက်ပံ့နိုင်လိမ့်မည်ကို သူအနေဖြင့် စိုးရိမ်မှုရှိခဲ့ကြောင်းဟူ၍ သတင်းထောက်များထံသို့ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက တာလီဘန်တွေနဲ့အတူ စစ်မှန်တဲ့ ပြဿနာတစ်ရပ်ရှိနေပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ တာလီဘန် တွေနဲ့ သဘောတူညီချက်အချို့ကို ချုပ်ဆိုဖို့ ကြိုးစားလာနိုင်မယ်ဆိုတာ ကျွန်ုပ်သေချာပြောနိုင်ပါတယ်။ ပါကစ္စတန်၊ ရုရှားနှင့် အီရန်နိုင်ငံများနဲ့ လုပ်ဆောင်ထားသကဲ့သို့ လုပ်ဆောင်မှာပါ။ သူတို့အား လုံးဟာ ယခုအခါ ဘာကိုလုပ်ဆောင်မလဲဆိုတဲ့ အရာကို ရုပ်ပုံဖော်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်”ဟု သမ္မတ ဘိုင်ဒန် မှ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ခုနှစ် နိုင်ငံများသည် တာလီဘန်အရေးနှင့်ပတ်သက်သည့် ယင်းတို့၏ တုံ့ပြန် ဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူညီထားကြပြီး ဖြစ်သည်။

တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အခြားသောနိုင်ငံများမှ တာလီဘန်များသို့ ရန်ပုံငွေထောက်ပံ့ပါလျှင် အမေရိကန်သည် ၎င်း၏ စီးပွားရေးဩဇာများကို ဆုံးရှုံးရနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောဆိုထားပါသည်။

ရုရှားနှင့် တရုတ်တို့ပါဝင်သော G20 အဖွဲ့၏ လက်ရှိဥက္ကဌဖြစ်သည့် အီတလီနိုင်ငံသည် အာဖကန်နစ္စတန်အရေး ဆိုင်ရာ အွန်လိုင်းအစည်းအဝေးတစ်ရပ်ကျင်းပရန် ကြိုးစားနေပြီး အဖွဲ့ဝင်နိုင်ငံများအကြား အကြံပြုမှုများမှာ ကွဲလွဲ မှုရှိနေသည့်အတွက်အကြောင့် အစည်းအဝေးကျင်းပရန် ရက်စွဲအတိအကျကို ထုတ်ပြန်ကြေငြာထား ခြင်းမရှိသေးပါ။

တရုတ်နိုင်ငံတော်အတိုင်ပင်ခံ/ နိုင်ငံခြားရေး ဝန်ကြီး ဝန်ရီ၏ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ထံသို့ ဩဂုတ်လ ၂၉ ရက်နေ့ ဖုန်းခေါ်ဆိုမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တာလီဘန်အရေးကို ဝင်ရောက်စေ့စပ်ပေးပြီး အပြုသဘောဆောင်သော လမ်းညွှန်မှုကို ပေးသင့်သည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တာလီဘန်ကို အာဖကန်နစ္စတန်၏ အုပ်ချုပ်သူအသစ်ဟု အသိအမှတ်မပြုထားသော်လည်း ဂျူလိုင်လမှစတင်၍ ဒုတိယဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရသော မူလာဘာဒါကို ဝန်ကြီးဝမ်ရီက လက်ခံခဲ့ပြီး ကမ္ဘာကြီးအနေဖြင့် နိုင်ငံ၏ အစိုးရအသစ်တစ်ရပ်သို့ အကူးအပြောင်းကို ဖိအားများပေးမည့်အစား လမ်းညွှန်၊ ထောက်ပံ့ပေးသင့်ကြောင်း ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.