ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ခြောက်လကျော်ကြာကာလအတွင်း ကလေးသူငယ်များသည် ယင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းမဟုတ်သော ဆိုးရွားသည့်အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်သည်။

စစ်အစိုးရနှင့် ၎င်း၏ ကိုယ်စားလှယ်များသည် ယောင်္ကျားငယ်များနှင့် မိန်းကလေးငယ်များကို သတ်ဖြတ်ခဲ့သည်ဟူသော ရလဒ်များရရှိပိုင်ဆိုင်ခဲ့ပြီး ရာပေါင်းများစွာသောသူများကိုလည်း ထင်ရာမြင်ရာ ထိန်းသိမ်းထားခဲ့ကာ တိုင်းပြည်ကို ရုတ်တရက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကပ်ဘေးဆီသို့ ကျရောက်လုဆဲဆဲ အခြေအနေတစ်ခုအဖြစ် တွန်းပို့ခဲ့ပြီးဖြစ်ပါသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ကိုင်တွယ်နေသော အာဆီယံအဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကလေးသူငယ်များ၏ မျိုးဆက်တစ်ခုလုံးကို ထိခိုက်စေသော ဆုံးရှုံးပျက်စီးမှုကို ကြည့်ရှုနေခြင်းအတွက်လည်း စိတ်နှလုံးကြေကွဲစရာကောင်းလှသည်။

အာဆီယံ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့်အတူ ကမ္ဘာကြီးသည် မြန်မာနိုင်ငံကို စစ်တပ်၏ လူမဆန်သောလုပ်ရပ်မှ ကယ်တင်နိုင်ရန် ယခုတွင် လုပ်ဆောင်သင့်သည်။

အထူးကိုယ်စားလှယ်အဖွဲ့ကို ခန့်အပ်ခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် လူအခွင့်အရေးဆိုင်ရာ အကြမ်းဖက်မှုများကို လုပ်ဆောင်သည့် စစ်အစိုးရကို ယင်းလုပ်ရပ်များအား အဆုံးသတ်ရန် စစ်မှန်သော စုပေါင်း ဖိအားတစ်ခုပေးနိုင်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်သည်။

ဂျူလိုင်လအတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီသည် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် လူသူလက်နက်များဖြင့် စစ်ရေးအရ ဝန်းရံထားမှုကို ကြုံတွေ့နေကြရသည် ဟု သတိပေးခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စစ်တပ်သည် အာဏာကို ဆုပ်ကိုင်ဖို့ ကြိုးစားကတည်းက သတ်ဖြတ်ခြင်းများနှင့် အဓိပ္ပါယ်မဲ့ အကြမ်းဖက်ခြင်းမှအစ ထင်ရာမြင်ရာဖမ်းဆီးခြင်း သို့မဟုတ် စာသင်ကျောင်း များကို စစ်ရေးအော်ပရေးရှင်းများ အဖြစ် အသုံးပြုခြင်းအထိ ပြုမူဆောင်ရွက်ခဲ့ပြီး ကလေးသူငယ် အခွင့်အရေးများ၏ အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုရှင်းတမ်းအတွက် တာဝန်ရှိနေခဲ့ပြီးဖြစ်သည်။

ကုလသမဂ္ဂထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ခြောက်လအတွင်း ကလေးသူငယ်ဦးရေ ၇၅ ဦးအထိ သတ်ဖြတ်ခံခဲ့ရပြီး အမှန်တကယ် ကိန်းဂဏန်းမှာ ပိုမိုများပြားနိုင်မည်ဖြစ်သည် ဟု ပါရှိပါသည်။

ယခုနှစ်အစောပိုင်းတွင် လမ်းကြားလမ်းသွယ်ရှိ ငြိမ်းချမ်းစွာစုဝေးလှည့်လည်မှုများကို ရက်စက်သောတုံပြန်မှုများ ကြောင့် ငယ်ရွယ်သော ယောင်္ကျားလေးများနှင့် မိန်းကလေးများသည် အသက်ဆုံးရှုံးခဲ့ရပြီး အခြားသောသူများသည် လွဲချော်ထိမှန်လာသော ကျည်ဆံများကြောင့် သေဆုံးခဲ့ကြရသည်။

အလွန်ဝမ်းနည်းဖွယ်ကောင်းသော ဖြစ်ရပ်ဥပမာတစ်ခုမှာ မတ်လ အကုန်ပိုင်း မန္တလေးမြို့အတွင်းရှိ ဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် အသက်ခြောက်နှစ် အရွယ် မခင်မျိုးချစ်သည် ဖခင်၏ လက်ပေါ်တွင်ပဲ ကွယ်လွန်တိမ်းပါးခဲ့ရသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဖွဲ့များသည်လည်း ယောင်္ကျားလေးငယ်နှင့် မိန်းကလေးငယ် များကို ရိုက်နှက်ခြင်းများ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ လိင်အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများအပါအဝင် အကြမ်းဖက် ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မရေမတွက်နိုင်လောက်သည်အထိ စာရင်းပြုစုထားခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရှိသော ကလေးသူငယ်များအနေဖြင့်လည်း ယင်းတို့၏ ကျန်ရှိသော ဘဝတလျှောက်လုံးတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အမာရွတ်များနှင့်အတူ နေထိုင်ရှင်သန်သွားကြရတော့ မည်ဖြစ်သည်။

အာဏာသိမ်းမှုစတင်ချိန်ကတည်းက ငြိမ်းချမ်းစွာ စုဝေးလှည့်လည်မှုပါဝင်ခဲ့သော ကလေးသူငယ်ဦးရေ ၁၀၀၀ ကျော်ကျော်ကို ထင်ရာမြင်ရာဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဖြစ်သည်။

ပညာရေးကဏ္ဍသည်လည်း စစ်အာဏာသိမ်းမှုကြောင့် ဆိုးရွားစွာနှောက်ယှက်ဟန့်တားမှုကို ခံခဲ့ရပြီး ကပ်ဘေးကြောင့် တစ်နှစ်ထက်ပိုပြီး (ကျောင်းသူ/သားများ) သန်းနှင့်ချီ၍ စာသင်ကျောင်းပြင်ပ ရောက်ရှိနေခြင်းမှာလည်း နိုင်ငံအတွင်း နောက်ထပ်အရေးကြီးသော စိုးရိမ်ချက်တစ်ခုဖြစ်သည်။  

စစ်တပ်၏ ဝင်ရောက်ရယူချိန်မှစတင်၍ စာသင်ကျောင်းများတွင် အကြမ်းဖက်ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး သင်ကြားရေးစင်တာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရေးတကြီးဝင်ရောက်နေရာယူခြင်းသည် နိုင်ငံတကာဥပဒေကို တိုက်ရိုက်ဆန့်ကျင်ရာရောက်သည်ဟူ၍လည်း ကုလသမဂ္ဂမှ အသိပေးပြောကြားခဲ့သည်။

အာဆီယံ အသိုက်အဝန်းအနေဖြင့် (မြန်မာနိုင်ငံ၏) ကပ်ဆိုက်နေသောအခြေအနေတစ်ခုကို အဆုံးသတ်စေနိုင်မည့် အကြောင်းအရာမှန်သမျှကို လုပ်ဆောင်သင့်ပြီး ၎င်းအခြေအနေသည်လည်း ဒေသတွင်းနိုင်ငံများမှ ဝင်ရောက်ဖြေ ရှင်းမှုကို လိုအပ်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အချက် ၅ ချက်ပါဝင်သော သဘောတူညီချက်ကို အာဆီယံမှ သဘောတူနိုင်ခဲ့သော်လည်း ထိုအခြေအနေသည် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် တစ်နေ့ထက်တစ်နေ့ ဆိုးရွားလျှက်ရှိသည်။  

အာဆီယံအနေဖြင့်လည်း ယင်းတို့ခန့်အပ်ထားသော အထူးသံတမန်အတွက် လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ အားကောင်းခိုင်မာသော လုပ်ပိုင်ခွင့်နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် စေ့စပ်နိုင်ခွင့်ကို သေချာစွာ အပ်နှင်းထားနိုင်ရမည်။

ယခုအခါတွင် စစ်တပ်၏ သေစေနိုင်လောက်သော ကိုဗစ် 19 နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုအလွဲအမှားသည် ဖွင့်ဆိုရှင်းပြခြင်းမပြုနိုင်လောက်သော ဆုံးရှုံးပျက်ဆီးမှုများကို ဖြစ်ပေါ်ခဲ့သလို ကလေးသူငယ်များကိုလည်း မိဘမဲ့အဖြစ် ကျန်ရစ်စေခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ကိုဗစ်ကပ်ဘေးကို ကိုင်တွင်ရန် နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို အာဆီယံအနေဖြင့် အလေးထားသင့်သည်။  

တချိန်တည်းမှာပင် စစ်အာဏာသိမ်းမှုက စီးပွားရေးကပ်ဘေးကို ယူဆောင်လာခဲ့သလို ၎င်းအခြေအနေသည် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အဆိုးရွားဆုံး ထိခိုက်စေပါသည်။

Save the Children အဖွဲ့၏ လတ်တလောကာလအတွင်း ထုတ်ပြန်ထားသော စစ်တမ်းတွင် မြန်မာနိုင်ငံ၏ ဒေသန္တရ ၇ ခုအတွင်း ရှိ အိမ်ခြေ ၇၅ ရာခိုင်နှုန်းသည် အခြေခံလိုအပ်ချက်များကို ပြည့်မီရန်အတွက်ပင် ရုန်းကန်းနေကြရသည်ဟု ပါရှိသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – ဂျာကာတာပိုစ့်

ဓါတ်ပုံအညွှန်း – မတ်လ (၂၇) ရက်နေ့က အာဏာသိမ်းစစ်တပ်၏ ပစ်သတ်မှုကြောင့် သေဆုံးခဲ့သည့် မော်လမြိုင်မြို့က အသက် (၁၁)နှစ်အရွယ် မအေးမြတ်သူ၏ နာရေးမြင်ကွင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.