စစ်တပ် ဘာ့ကြောင့် အာဏာမသိမ်းတာလဲ

ဘာသာပြန်သူ – ထဝ်

စစ်တပ်ရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်တဲ့ ကောလဟလတွေကြောင့် Conspiracy Theory လို့ခေါ်တဲ့ အများစုပေါင်းထင်မြင်မှုတစ်ခုကို ဖြစ်ပေါ် စေခဲ့သော်ငြားလဲ တစ်ကယ့်အချက်အလက်တွေအရ အဲ့လိုထင်မြင်တာတွေဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုဖြစ်စဉ်နဲ့ နောက်ဆုံးရလဒ်တွေ နဲ့ ပတ်သက်တာတွေကို ဘေးဖယ်ထားလိုက်ရင် စစ်တပ်ဟာ သူဂတိပြုထားတဲ့အတိုင်း တိတိကျကျကိုလုပ်ဆောင်နေတာတွေ့ရပါလိမ့်မယ်။ လမ်းပြမြေပုံအတိုင်း ချည်းကပ်လှုပ်ရှားတယ်။ အမျိုးသား

ညီလာခံကရေးဆွဲတဲ့ မူကြမ်းကနေဖြစ်လာတဲ့ အခြေခံဥပဒေအသစ်ကို ၂၀၀၈ တုန်း ကလုပ်ခဲ့တဲ့ သေသေခြာခြာစီမံခန့်ခွဲခဲ့တဲ့ လူထုဆန္ဒခံယူပွဲကနေတစ်ဆင့် အတည်ပြုတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပြီး နောက် နှစ်မှာ အနိုင်ရကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုစတင်ခေါ်ယူတယ်။ မကြာခင်မှာပဲ ယခင်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဦးသိန်းစိန်က သမ္မ တအသစ်ဖြစ်နဲ့ ကျမ်းကျိန်ပြီးတက်လာပါတယ်။

အဲ့ဒါတွေအပြင် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေရာပေါင်း ၄၅ နေရာမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၄၃ ဦးဟာ အနိုင်ရခဲ့ပါတယ်။ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တရားမ ျှတမှုရှိပြီး လွတ်လပ်ပါတယ်။ အန်အယ်လ်ဒီပါ တီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအနှံ့အပြားအနိုင်ရခဲ့ပြီး ယှဉ်ပြိုင်သမ ျှရဲ့ ၈၆% အထိ အနိုင်ရခဲ့ပါတယ်။ ၂၀၀၈ ဖွဲစည်းပုံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်တန်းရာထူးကို ရယူလို့မရနေပါဘူး။ ဒါပေမယ့် (၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက်မှာ) ဒေါ် အောင်ဆန်းစုကြည်ဟာ သမ္မတထက်မြင့်တဲ့နေရာတစ်နေရာကို ဟာကွက်ရှာပြီးဖန်တီးရယူနိုင်ခဲ့ပါတယ်။

ထင်ရှားတဲ့ ဒီလိုမျိုးမြန်မာ့နိုင်ငံရေးရှုမေ ျှာ်ခင်းပြောင်းလဲခဲ့တာဟာ တပ်မတော်ရဲ့ထိပ်တန်းအရာရှိတွေက ခွင့်ပြုခဲ့လို့ဖြစ်ပါတယ်။ ဘယ်အဆင့် မှာမဆို ဗိုလ်ချုပ်တွေအနေနဲ့ ရပ်ခိုင်းလိုက်၊ ဒါမှမဟုတ် အမြတ်ထုတ်လိုက်နိုင်ပါတယ်။ ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ ဒီလောက် အထိ ဖြစ်လာလိမ့်မယ်လို့ သူတို့မမေ ျှာ်လင့်ထားနိုင်သလို နိုင်ငံတော်အတိုင်ပင်ခံရာထူးဆိုတာကိုဖန်တီးယူခဲ့တာကိုလဲ အံ့သြနေကြပါလိမ့် မယ်။ သို့သော်ငြားလည်း ဗိုလ်ချုပ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ မှာ အန်အယ်လ်ဒီကိုဦးဆောင်ပြီး အာဏာရသွားနိုင်သလို တစ်နည်းနည်းနဲ့ နိုင်ငံရဲ့ ဥသေ ျှာင်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ မေ ျှာ်လင့်တွက်ချက်ထားခဲ့ကြပါလိမ့်မယ်။

ဒီအခြေအနေအပေါ်အထိ တပ်မတော်ဘက်ကတော့ မာစတာစီမံကိန်းခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီဖြစ်တယ်။ သို့သော်လဲ အန်အယ်လ်ဒီပါတီက အာဏာရပြီး အောင်မြင်အောင်မစွမ်းဆောင်နိုင်ခြင်းအားဖြင့် ဒေါ်ဆောင်ဆန်းစုကြည်ဟာ ပုဂ္ဂိုလ်ရေးအရရော နိုင်ငံရေး အရပါအားနည်းမှုရှိတယ်၊ အရပ်သားအစိုးရဟာ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိဘူးဆိုတာ ကိုသက်သေပြဖို့အတွက် တပ်မတော်ထဲကစစ်ဗိုလ်ချုပ် တွေက လိုလားတယ်ဆိုတဲ့အယူအဆကတော့ သိပ်ပြီးတော့ ဆွဲဆောင်မှုမရှိလှပါဘူး။
logo-osx
ဒေါ်အောင်ဆန်းစုကြည်အာဏာရပြီးစဉ်ကတည်းကစပြီး စစ်တပ်ကဆက်ပြီးလွှမ်းမိုးနေမှုကြောင့် စိတ်ပျက်စရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ လွှတ် တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆန့်ကျင်ကြပါတယ်။ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး အရပ်ဘက်က လုံးဝဝင်ရောက်ပတ်သက်ခွင့်မရ လွတ်လပ်နေတဲ့အတွက်ကြောင့် တပ်မတော်ဟာ လက်နက်ကိုင်တိုင်းရင်းသားတွေကိုဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေကို လွတ်လပ်စွာဖော်ဆောင်နေနိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ ရခိုင်ဒေသက ရိုဟင်ဂျာ (မူရင်းဆောင်းပါးပါအသုံးအနှုံးအတိုင်း ဘာသာ ပြန်ပါသည်) အရေးမှာ ရှင်းလင်းရေးစစ်ဆင်မှုတွေကိုလဲ လုပ်နိုင်ခဲ့ပါတယ်။

တပ်မတော်ဟာ အခွင့်ထူးခံအာဏာရရှိထားတဲ့အတွက် အမာခံစစ်ဗိုလ်ချုပ်တွေရဲ့သဘောထားဆန္ဒအတိုင်းဖြစ်လာဖို့ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ လောက်နဲ့ပြေလည်မှုရစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစုပင်လုံညီလာခံကို လုပ်ခွင့်ပြုခဲ့ပါတယ်။ ရခိုင်မှာ အသုံးပြုခဲ့တဲ့ ရက်စက်တဲ့နည်းဗျူဟာကြောင့် မြန်မာဟာ နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရဟာ လူ့အခွင့်အရေးကိုမချိုးဖောက်ခဲ့ဘူးဆိုရင်တောင်မှ နိုင်ငံတကာအသိုင်းအဝန်းကြားမှာ အားနည်းပြီး စွမ်းဆောင်ရည်မရှိဘူးလို့ ထင်မြင်စရာဖြစ် စေခဲ့ပါတယ်။

အရပ်ဘက်အစိုးရဟာ စွမ်းဆောင်နိုင်စွမ်းမရှိ၊ စာနာမှုမရှိဘူးလို့ ပုံရိပ်ပေါ်လေ ပိုပြီးပြတ်သားမှုရှိပြီး စွမ်းဆောင်ရည်ထိ ရောက်မှုရှိတဲ့စစ်အစိုးရ ကို လူတွေပိုလိုလားလေလို့ အဲ့ဒီ Conspiracy Theory ကဆိုပါတယ်။ ဒီငြင်းခုံဆွေးနွေးချက်ဟာ အန်အယ်လ်ဒီအနေနဲ့ သူ့ပြဿနာကိုသူ တာ

ဝန်ခံရမှာကို လစ်လျူရှုရာရောက်ပါတယ်။

အန်အယ်လ်ဒီဟာ အသေးစိတ်မူဝါဒနဲ့ အကောင်အထည်ဖော်မဲ့ဗျူဟာနဲနဲလေးနဲ့ အာဏာရလာတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေဟာလဲ ဘယ်တုန်းကမှ အစိုးရအဖြစ်အုပ်ချုပ်ခဲ့ဖူးတဲ့အတွေ့အကြုံမရှိသူတွေဖြစ်ပါတယ်။ အစိုးရသစ်က မိတ်ဆက်ခဲ့တဲ့လုပ်နည်းလုပ်ဟန် အသစ်နဲ့ပတ်သက်ပြီးတော့လဲ သေသေခြာခြာပူးပေါင်းဆောင်ရွက်မှုမရှိသလို ပြည်သူ့ဆက်ဆံရေးကိစ္စကိုလဲ သေသေခြာခြာမကိုင်တွယ်ခဲ့ပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ (ရာထူးအရ?) ပြည်သူလူထုနဲ့ ပါတီနဲ့ ဝေးကွာမှု၊ ပိုင်စိုးပိုင်နင်းသြဇာလွှမ်းမိုးလိုသည့်အပြုအမူနဲ့ အသေးစိတ် စီမံခန့်ခွဲမှုတွေမှာ ပါဝင်ပတ်သက်လိုတဲ့တိမ်းညွှတ်မှုတွေက သဘောမကျစရာနဲ့ ထိရောက်မှုမရှိတာတွေဖြစ်စေခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အများသိငြင်းဆိုခဲ့တာတွေဟာ နိုင်ငံတကာရပ်တည်ချက်အရ သူမကိုရော၊ သူမဦးဆောင်တဲ့အစိုးကိုရော အားနည်စေခဲ့ပါတယ်။

Conspiracy သီအိုရီဟာ နောက်အချက်တစ်ချက်ကိုလဲ မျက်ကွယ်ပြုခဲ့ပါသေးတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ၂၀၁၁ တုန်းက အာဏာကို လက် လွှတ်လိုက်ရတာမဟုတ်ပါဘူး။ ပြင်ပဖိအားကြောင့်ဖြစ်စေ၊ ရှုံးနိမ့်မှုကြောင်ဖြစ်စေ သူတို့အာဏာစွန့်လွှတ်လိုက်ရတာ မရှိပါဘူး။ အမှန်တကယ် ဆိုရင် စစ်တပ်ကဗိုလ်ချုပ်တွေဟာ ၁၉ ၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းတုန်းကနဲ့စာရင် အခုဆို ပိုပြီးတော့တောင်အာဏာရှိလာပါသေးတယ်။ နိုင်ငံကို သူတို့ ဆက်ပြီး အုပ်ချုပ်နေလို့ရပါတယ်။ သို့သော်လဲ တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ သူတို့ကိုယ်တိုင်ရဲ့ အကျိုးစီးပွားတွေဟာ တစ်ဝက်တစ် ပျက်အရပ်ဘက်အစိုးရလက်အောက်မှာ ပိုပြီးတော့ အကျိုးများလိမ့်မယ်လို့ တွက်ချက်ခဲ့ပုံရပါတယ်။ အဲ့လိုမျိုးဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ဆွဲဆောင်နိုင်သလို နိုင်ငံတကာထောက်ခံမှုလဲ ပိုရမယ်လို့ တွက်ဆခဲ့ကြပါလိမ့်မယ်။

ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကို ဆက်ပြီးမအုပ်ချုပ်ချင်တော့ပါဘူး။ အနည်းဆုံးတော့ တိုက်ရိုက်ကြီးမအုပ်ချုပ်ချင်တော့ပါဘူး။ သူတို့အနေနဲပ တပ်မတော်နဲ့ တပ်မတော်အနေနဲ့ အမျိုးသားရေးကိစ္စတွေမှာ အချက်အချာနေရာရထားတာကို ကာကွယ်ခုခံသွားဖို့ ဆုံးဖြတ် ထားကြပုံရပြီး နိုင်ငံရဲ့ လက်ရှိအတိုင်းရှိနေတဲ့ စုစည်းမှု၊ တည်ငြိမ်မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အရင်စစ်အစိုးရလက်ထက်တုန်းက အမျိုးသားရည်မှန်းချက်အတိုင်း ကာကွယ်တုံ့ပြန်သွားမယ်လို့ ဆုံးဖြတ်ထားပုံလဲ ရပါတယ်။

သို့နှင့်တိုင် ဒီမူဘောင်အတွင်းထဲမှာကိုပဲ အန်အယ်လ်ဒီအစိုးရကို အောင်အောင်မြင်မြင်ဖြစ်စေချင်နေတာဖြစ်ပါတယ်။ သူတို့အနေနဲ့လဲပဲ မြန်မာ နိုင်ငံကို အင်အားကြီး၊ ခေတ်မှီ၊ ကြွယ်ဝ၊ တည်ငြိမ်၊ စည်းလုံး၊ လွတ်လပ်ပြီး အများကလေးစားတဲ့နိုင်ငံအဖြစ်မြင်လိုကြောင်း ရှင်းရှင်းလင်းလင်း သိအောင်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအန်အယ်လ်ဒီရဲ့အခက်အခဲတွေကိုကြည့်ပြီးတော့ရော၊ ကိုယ်တိုင်အာဏာဆုံးတဲ့အတွက်ကြောင့်ရော နောင်တရမိမဲ့စစ်ဗိုလ်ချုပ်တစ်ချို့တော့ ရှိကောင်းရှိနိုင်ပါတယ်။ အရေးပေါ်အခြေအနေမှာ တိုင်းပြည်အာဏာကိုပြန်လည်ရယူဖို့အတွက် ဖြစ်လာ နိုင်ချေလို့တော့ ယူဆလို့ရပါတယ်။ သို့သော် အုပ်ချုပ်ရေးဆိုင်ရာအခက်အခဲနဲ့ ရှုပ်ထွေးမှုတွေကို အန်အယ်လ်ဒီလက်ထဲ ဒီအတိုင်းထား၊ အရေးကြီးတဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်လာရင် မျက်ခြေမပြတ်စောင့်ကြည့်ပြီး စီးပွားရေးအခွင့်အလမ်း၊ ပြည်ပစစ်တပ်တွေနဲ့အဆက် အသွယ်ရရှိမှု စတဲ့အခွင့်အလမ်းလိုမျိုးတွေကို ဆွတ်ခူးခံစားဖို့ ထိပ်တန်းစစ်တပ်အာဏာပိုင်တွေက ဆန္ဒရှိပုံရပါတယ်။

အဲ့ဒီတော့ စစ်တပ်ကအာဏာသိမ်းလိမ့်မယ်ဆိုတဲ့ Conspiracy Theory လို့ခေါ်တဲ့ ထင်မြင်တွက်ဆမှုတွေကို ဖြေဆိုရမယ်ဆိုရင် “ဟုတ်ကဲ့။ ဗိုလ်ချုပ်တွေမှာ အကြံအစည်တော့ရှိပါတယ်။ အဲ့ဒါကတော့ လွှမ်းမိုးမှုရထားပြီးသားနေရာတွေကလွဲရင် နေ့စဉ်အုပ်ချုပ်မှုကနေနောက်ဆုတ်ပြီး ဒီမိုကရေစီကူးပြောင်းမှုကို ခွင့်ပြုမယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ကျဆုံးအောင်လုပ်ပြီး ယုံကြည်မှုကျဆင်းအောင်လုပ်မယ်ဆို တဲ့အခြားဒုတိယအကြံအစည်လဲရှိတယ်ဆိုတာကတော့ စစ်တပ်ရဲ့ မူလပထမရည်မှန်းချက်နဲ့ မကိုက်ညီဆန့်ကျင်နေပါတယ်”။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ လက်ရှိအစိုးရရဲ့ပထမသက်တမ်းကို ဆက်လက်တည်ရှိနေဖို့ ထောက်ခံသွားမယ်လို့ ချေခန့်မှန်းမှုတစ်ခုကတော့ စစ်တပ်လိုလားတဲ့နိုင်ငံရေးပါတီတစ်ခု ပြန်လည်ပေါ်ထွန်းလာပြီး နောက်လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်လိမ့်မယ်ဆိုတဲ့အမြင်ဖြစ်ပါတယ်။ ဒီလိုသာဆက်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီပါတီရဲ့ကိုယ်စားလှယ်လောင်းတွေဟာ အန်အယ်လ်ဒီအစိုးရရဲ့မ အောင်မြင်တဲ့လုပ်ရပ်တွေကို ထောက်ပြပြီး မဲဆွယ်စည်းရုံးကြပါလိမ့်မယ်။

ယခုဆောင်းပါးသည် Nikkiei Asia Review တွင် ဖော်ပြခဲ့သောဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး မူရင်းစာရေးသူ၏ အမြင်သာဖြစ်သည်။
အန်ဒရူးဆဲ့လ်သ် သည် Griffith Asia Institute မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သည်။ သူသည် Burma, Kipling and Western Music: The Riff from Mandalar (New York: Routledge, 2017) စာအုပ်ကို ရေးသားခဲ့သူလဲဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.