August 2021

မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့သော်လည်း ထိုင်းဝန်ကြီးချုပ်ဆန့်ကျင်ရေးတွင် ဆက်လက်ပါဝင်လာသူ

ဘန်ကောက်၊ ဩဂုတ် ၂၄ ဆန္ဒပြလှုပ်ရှားမှုဖြစ်ပွားသည့် နေရာ၌ ရဲတပ်သားတစ်ဦး၏ နှိမ်နင်းဖြိုခွင်းမှုကြောင့် ယာဘက်မျက်လုံး၏ အမြင်အာရုံဆုံးရှုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူမစ္စတာ ထနက်သည် ထိုင်းဝန်ကြီးချုပ်ပရရွတ်ချန်အိုချာ ပြုတ်ကျရေးအတွက် တနင်္ဂနွေနေ့က ပြန်လည်စုဝေးလာခဲ့သည့် လှုပ်ရှားမှုတွင် ပြန်လည်ပါဝင်လာခဲ့သည်။ တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အဝိုင်း၌ ထလူဖါ့ (Thalufah) အဖွဲ့အစည်းမှ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော တက်ကြွလှုပ်ရှားမှုတွင် တနတ် ထနာကစ်ကီတမ်နွယ် အနေဖြင့် ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး…

အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေသည့် ဗမာတိုင်းရင်းသားတို့နှင့် လက်တွဲပြီး အင်အားပေါင်းစုရန် နိုင်ဟံသာတိုက်တွန်း

မော်လမြိုင်၊ ဩဂုတ် ၂၂ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ဗမာတိုင်းရင်းသားတို့နှင့်လည်း လက်တွဲပြီး အင်အားပေါင်းစုရန် ဒီကနေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။ အစိုးရစစ်တပ်သည် မဟာလူမျိုးကြီးဝါဒကို မြဲမြဲကိုင်စွဲထားပြီး တိုင်းရင်းသားများအပေါ်ဝါးမျိုလို၍ ၁၉၆၂ ခုနှစ်မှစ၍ အာဏာသိမ်းခဲ့ရာမှ ယနေ့တိုင် အာဏာကို လက်မလွှတ်နိုင်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။…

ပိုမိုကြီးထွားလာတဲ့ မှောင်ခိုငွေကြေး စျေးကွက်

အာဏာသိမ်း စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ဟာ မှောင်ခိုငွေကြေး စျေးကွက်တစ်ခု ဖန်တီးလိုက်တာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ငွေကြေးတာဝန်ခံမှုအပေါ် ချိုးဖျက်လိုက်တာလည်းဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကို ပြည်သူတစ်ရပ်လုံး အကြီးအကျယ် ခံစားခဲ့ရပါတယ်။ စစ်အုပ်စုရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင် အသုံးပြုနေတဲ့ ငွေကြေးကို မှောင်ခိုစျေးကွက်မှာ ရာခိုင်နှုန်းအမျိုးမျိုးနဲ့ လဲလှယ် သုံးစွဲလာရပါတယ်။…

မော်လမြိုင်ပြည်သူတွေ သွေးမြေကျခဲ့တဲ့ ဩဂုတ် ၂၂

တပါတီအာဏာရှင်စနစ်ကို ဦးစီးခဲ့ပြီး မြန်မာပြည်ကို အတိဒုက္ခရောက်အောင် ကြိုးပမ်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တွန်းလှန်သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့မှာ စတင်ခဲ့သည့် ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံကြီးတွင် မော်လမြိုင်က ကျောင်းသားလူငယ်၊ ပြည်သူများလည်း တက်တက်ကြွကြွပါဝင်ခဲ့သည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခေါင်းဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့တွင် အမျိုးမျိုးသောအဖွဲ့စုံသပိတ်စစ်ကြောင်းများ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည့် မြင်ကွင်းမျိုးက…

NUG အစိုးရရဲ့ Radio အစီအစဉ်ကို နေ့စဉ် နားထောင်ပြီး အစီရင်ခံစာ တင်ပြကြဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဩဂုတ်၊ ၂၁ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Radio အစီအစဉ် ထုတ်လွှင့်ချက် အားလုံးကို ဖမ်းယူနားထောင်ပြီး အစီရင်ခံတင်ပြပေးဖို့ အာဏာသိမ်း စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ NUG အစိုးရဟာ ပြည်သူလူထုနဲ့ အဆက်အသွယ် မပျက်အောင် ဩဂုတ် ၂၀ ရက်နေ့ကစပြီး နံနက် ၈ နာရီ တစ်ကြိမ်…

ဆိုင်ကယ်တက္ကစီ မောင်းသူတွေ တစ်နေ့ ဝင်ငွေ နှစ်ထောင်ကျပ်ပင် မရတော့

မော်လမြိုင်၊ ဩဂုတ် ၂၀ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကြပ်တည်းမှုတွေနှင့်အတူ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အ​ခြေခံလုပ်သားတွေရဲ့ ဝင်ငွေတွေ လျော့ကျပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ မော်လမြိုင်မြို့မှာ အရပ်သားတွေ နေအိမ်ပြင်ပသွားလာရင် သက်ဆိုင်ရာက ခွင့်ပြုတဲ့ ကတ်ပြား ပါရမယ်လို့ စည်းကမ်းချမှတ်ထားပြီး ကတ်မပါရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် မြို့ပေါ်လမ်းမတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်လာတဲ့အတွက်…

မွန်ဝန်ကြီးချုပ် အကျဥ်းထောင်အတွင်းမှာ ကိုဗစ် ဖြစ်ပွားခဲ့ ၊ ဆေးကုသခွင့် မရ

မော်လမြိုင် ၊ ဩဂုတ် ၂၁ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အကျဥ်းထောင်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဆေးကုသခွင့် မရခဲ့ဘူးလို့ အကျဥ်းထောင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအေးဇံဟာ မိမိဘာသာ ဆေးကုသမှုကို ပြုလုပ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ပြန်လည် သက်သာလာပြီးလို့ ဆိုပါတယ်။ “ဝန်ကြီးချုပ်…

KNU နဲ့ စစ်ကောင်စီတပ် ၄ ရက်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွား

မော်လမြိုင်၊ သြဂုတ် ၂၁ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၁၇ ရက်နေ့ မှ ၂၀ ရက်နေ့ထိ ၄ ရက်အတွင်း တိုက်ပွဲအကြိမ် ၃၀ ဖြစ်ပွားခဲ့တယ်လို့ KNU သူးလေသတင်းစဉ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်…

သထုံမြို့နယ်မှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျလာ

သထုံ၊ သြဂုတ် ၂၀ သထုံမြို့နယ်မှာ ဩဂုတ် ဒုတိယအပတ်ကစပြီး ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံမြိုနယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကိုဗစ်လူနာ ၄၃၅ ဦးထိ တွေ့ရှိခဲ့တာ ဖြစ်ပြီး အခုလ ဩဂုတ် ၁၉ ရက်နေ့ထိ ကို‌ဗစ်အတည်ပြုလူနာ ၁၄၅ ဦးသာ ရောဂါကူးစက်ခံထားရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့…

မွန်ပြည်နယ်တဝှမ်းမှာ စစ်ကောင်စီက လုံခြုံရေး ပိုမို တင်းကြပ်လာ

မော်လမြိုင်၊ ဩဂုတ် ၂၀ မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ် အများစုမှာ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကို ပိုမိုတင်းကြပ်ပြီး ခပ်စိတ်စိတ် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ ပျောက်ကြားစနစ်နဲ့ လှုပ်ရှားလာတော့မယ်လို့ ထုတ်ပြန်ပြီးနောက်မှာ စစ်​ကောင်စီက လုံခြုံရေးကိုအခုလို တင်းကြပ်ခဲ့တာပါ။ မော်လမြိုင်မြို့က မီးပွိုင့်တွေမှာ အရပ်ဝတ်တွေနဲ့ စစ်အုပ်စု ဘက်တော်သားတွေက…