August 26, 2021

စစ်တပ် ထောက်ခံသူတွေကို လူရွေးပြီး သေနတ် ထုတ်ပေးနေ

မော်လမြိုင်၊ သြဂုတ် ၂၆ မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စစ်တပ် ထောက်ခံသူတွေကို လူရွေးပြီး သေနတ် ထုတ်ပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။ စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေထဲမှာ ရောဂါအခံမရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူတွေကို တစ်မြို့နယ် ၃၀ ဦး ရွေးချယ်ပြီး အာဏာသိမ်း စစ်ကောင်စီ ခွင့်ပြုချက်နဲ့ သေနတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။…

ချောင်းဆုံမှာ နံနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မပြု၊ ဒေသခံတွေ မကျေနပ်

မော်လမြိုင်၊ ဩဂုတ် ၂၆ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း) မှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်ကနေ့စပြီး နံနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင် ထွက်ခွင့်မပြုကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းဆုံမြို့နယ်ကိုတော့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ကိုဗစ်ရောဂါ အကြောင်းပြပြီး နေအိမ်အပြင်ထွက်ခွင့်ကို နံနက် ၆ နာရီမှ ၁၀…

တံတားဂိတ်စောင့် လုံခြုံရေးအဖွဲ့ကို အမြှောက်တပ် ဗိုလ်မှူးက ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်

သိမ်ဇရပ်၊ သြဂုတ် ၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား(သစ်)စစ်ဆေးရေးဂိတ် တာဝန်ကျနေတဲ့ လုံခြုံရေးအဖွဲ့ကို အမြှောက်တပ် ဗိုလ်မှူး တစ်ဦးက သြဂုတ် ၂၅ ရက်နေ့ ညပိုင်းမှာ ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ည ၉ နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုဘက်မှ ပဲခူးဘက်ကို မောင်းနှင်းလာတဲ့ လင့်ခရူဆာ အနက်ရောင်ယာဉ် ၁…

တရုတ်စစ်ဘက်မှ ဗီယက်နမ်စစ်တပ်ကို ကိုဗစ်ကာကွယ်ရေး ဆီနိုဖမ် COVID 19 ကာကွယ်ဆေးများပေးပို့

ဟနွိုင်း၊ ဩဂုတ် ၂၄ ဩဂုတ်လ ၂၄ ရက်နေ့တွင် လာရောက်ရန်စီစဥ်ထားသော အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကမ်မာလာဟဲရစ်၏ ခရီးစဥ်မတိုင်ခင် ဩဂုတ်လ ၂၃ ရက်နေ့ တနင်္လာနေ့၌ တရုတ်နိုင်ငံထုတ် ဆီနိုဖမ် COVID 19 ကာကွယ်ဆေးများ ကို တင်ဆောင်ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေး စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလေယာဥ်သည် ဗီယက်နမ်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့သည်။ ကာကွယ်ဆေးအလုံးအရေအတွက် ၂၀၀,၀၀၀ အတွက်…

နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေကို စိစစ်ဖို့ စစ်ကောင်စီ ကျန်းမာရေး ညွှန်ကြား

မော်လမြိုင် ၊ ဩဂုတ် ၂၅ ကိုဗစ်တတိယလှိုင်း ကာလအတွင်း နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေကို စိစစ်ဖို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ နယ်လှည့်ဆေးကုသပေးနေတဲ့ အဖွဲ့တွေကို စိစစ်ရာမှာ အဖွဲ့အစည်း မှတ်ပုံတင်၊ ဆရာဝန်၊ သူနာပြု လိုင်စင်နဲ့ ဝန်ဆောင်မှုပေးစဉ် တည်ဆဲ ဥပဒေတွေကို လိုက်နာမှု ရှိ မရှိ စတဲ့ အချက်…