March 12, 2021

စားသောက်ကုန်ပစ္စည်းတွေ အရောင်းအဝယ် အေးနေ

မော်လမြိုင် ၊ မတ် (၁၂) မွန်ပြည်နယ်အတွင်းစျေးကွက်မှာတော့ စားသောက်ကုန်တွေ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအစောပိုင်းမှာတော့ စားသောက်ကုန်တွေကို ပြည်သူတွေက အလုအယက် ဝယ်ယူခဲ့ကြလို့ စျေးကွက်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆန်ဆိုင်တွေမှာ အရောင်းအဝယ်အေးနေပြီး ယခုရက်ပိုင်းအတွင်း ဝယ်သူက မရှိသလောက် ဖြစ်နေတယ်လို့ ဆန်ရောင်းသူတွေက ပြောပါတယ်။ “ယောက်ယက်ခတ်ပြီးတော့ လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့…