မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၃)

အာဏာသိမ်း စစ်အစိုးရက ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ နိုင်ငံတဝှမ်းက အကျဉ်းသား (၂၀၀၀၀)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အဲ့ဒီအထဲမှာ မွန်ပြည်နယ်က အကျဉ်းသူ အကျဉ်းသား (၂၀၀၀)ကျော်လည်း ပါဝင်ခဲ့ပါတယ်။

မွန်ပြည်နယ်က လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အမျိုးသမီး ( ၂၄၈)ဦးနဲ့ အမျိုးသား (၁၈၇၇) ဦး ပါဝင်ခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနရဲ့  စာရင်းတွေမှာ ဖော်ပြထားပါတယ်။

လွတ်မြောက်သူတွေထဲမှာ ကျိုက်မရောအကျဉ်းထောင်က (၃၁၂) ဦး ၊ မော်လမြိုင်အကျဉ်းထောင်က (၂၁၇)ဦး ၊သထုံအကျဉ်းထောင်က (၆၁)ဦး ၊အင်္ဂဘို  အကျဉ်းထောင်က (၁၉၀) ဦး ၊ ဇင်းကျိုက်အကျဉ်းထောင်က (၁၅၉) ဦး၊ရင်းငြိမ်အကျဉ်းထောင်က (၁၉၅)ဦး ၊အင်းဗြောင်ကုန်ထုတ်စခန်းမှ (၃၇၅)ဦး ၊ မုပ္ပလင်အကျဉ်းထောင်(ကျား)မှ (၂၈၈)ဦးနဲ့ တောင်စွန်းအကျဉ်းထောင်မှ (၈၀) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.