January 2021

မော်လမြိုင်မြိုနယ်အတွင်းရှိ အမှတ်(၁)ဈေး နှင့် မြိုင်ရတနာဈေးကို ဇန်နဝါရီ ၇ရက်တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်

မော်လမြိုင်၊ ဇန်နဝါရီ ၇ မော်လမြိုင်မြိုနယ်အတွင်းရှိ အမှတ်(၁)ဈေး နှင့် မြိုင်ရတနာဈေးကို ဇန်နဝါရီ ၇ရက်တွင် စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ထွက်ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲတွေ ရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၇) မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်ထွက် ငါးတွေကို တရုတ် ၊ စင်ကာပူ နဲ့ မလေးရှား နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်ပို့တဲ့ ငါး (၉၀) ရာခိုင်နှုန်းဟာ တရုတ်စျေးကွက်ကို မှီခိုနေရတာ…

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးများ ထိုးနှံတော့မည်

မော်လမြိုင် ၊ ဇန်နဝါရီ (၆) အင်ဒိုနီးရှားနိုင်ငံဟာ ခရစ္စမတ်နှင့်နှစ်သစ်ကူးကာလတွင်း ပျော်ပွဲရွှင်ပွဲများ စုရုံးကျင်းပခြင်းနှင့် ခရီးသွားလာခြင်းကြောင့် ကိုဗစ် ရောဂါပိုး ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်မှ တားဆီးနိုင်ရန်အတွက် လာမယ့် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ပြည်နယ် (၃၄) ခုမှာ ဆေးဘက်ဆိုင်ရာလုပ်သားတွေနဲ့ အစိုးရအရာရှိများကို ကာကွယ်ဆေးများ ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။ သမ္မတဂျိုကိုဝီဒိုဒိုနှင့်သူ၏ အစိုးရအဖွဲ့တွေဟာ…

ဘယ်အဖွဲ့အစည်းနဲ့မဆို တတိယနေရာမှာသာ တွေ့ဆုံသွားမယ်လို့ မွန်ပါတီပြော

မော်လမြိုင် ၊ ဇန်နဝါရီ (၆) ပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုရင် တတိယနေရာတစ်ခုမှာ ဘယ်အဖွဲ့အစည်းနှင့်မဆို လက်ခံ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီနဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ ကနဦး သဘောတူထားပေမယ့် နေရာ ညိုနှိုင်းအဆင်မပြေတာကြောင့် နှစ်ဖက်တွေ့ဆုံမှု ပျက်သွားခဲ့ပါတယ်။ NLD ပါတီနဲ့ နောက်ထပ်တွေ့ဆုံသွားဖို့ အခြေအနေနဲ့ ပတ်သက်ပြီး…

မွန်ပြည်နယ် ငါးလုပ်ငန်းအတွက် စျေးကွက်အသစ် ဖော်ဆောင်ပေးနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၆) ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းအတွက် စျေးကွက် အသစ်တွေ ဖော်ဆောင်ပေးဖို့ သမဝါယမအသင်းနဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တရုတ်စျေးကွက်ကို အဓိက မှီခိုနေရတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းဟာ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်နီးပါး ရပ်နားခဲ့ရပါတယ်။ ပြည်ပတင်ပို့တဲ့ ငါးတွေကို အအေးခန်းတွေမှာ သိုလှောင်ထားရပြီး အချို့ငါးတွေကိုတော့…

ရွှေ့ပြောင်းလုပ်သားတွေ လွတ်လပ်စွာနေထိုင်နိုင်ဖို့ ထိုင်းအစိုးရ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်

မော်လမြိုင် ၊ ဇန်နဝါရီ (၅) တရားမဝင် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်နေကြတဲ့ အလုပ်သမားများအကြား ကိုဗစ် ၁၉ ပြန့်နှံ့မှုကို စောင့်ကြည့်တဲ့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုအနေဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံမှတရားမ၀င် အလုပ်သမားများကို ထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ခွင့်နှင့် အတူလိုက်ပါလာမည့်ကလေးများအတွက်ပါ ၂ နှစ်ကြာ နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်လို့ အလုပ်သမားရေးရာဝန်ကြီးမှ ပြောပါတယ်။ အလုပ်သမားရေးရာဝန်ကြီး ဆူချက် ချွန်ကလင်မှ ပြီးခဲ့တဲ့…

တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ (၁၉) ဦးကို နေရပ်ပြန်ပို့

မော်လမြိုင်၊ ဇန်နဝါရီ (၅) မွန်ပြည်နယ်ကို တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ (၁၉) ဦးကို ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးပြီး သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ ပို့ဆောင်ပေးခဲ့ပြီးလို့ မုတ္တမနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ ရန်ကုန်ဘက်ခြမ်းကနေ မော်တော်ယာဉ်နှစ်စီးနဲ့ တင်ဆောင်လာတဲ့ ဘင်္ဂါလီကျား(၄)ဦး၊…

တတိယအကြိမ်လွှတ်တော်ကို လွှဲပြောင်းပေးဖို့ မွန်ပြည်နယ်လွှတ်တော် အဆင်သင့်ဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၅) တတိယအကြိမ်လွှတ်တော်ကို လွှဲပြောင်းပေးဖို့ မွန်ပြည်နယ်လွှတ်တော်က အဆင်သင့်ဖြစ်နေပြီးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။ တတိယလွှတ်တော်သက်တမ်းမှာ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် ဒုတိယအကြိမ် လွှတ်တော်မှာ မဟာဗျူဟာ စီမံကိန်းတွေ ရေးဆွဲထားခဲ့တာပါ။ ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ရေးဆွဲထားတာကြောင့် တတိယကြိမ် လွှတ်တော် စတင်တဲ့…

Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုခြင်းအတွက် ထောက်ခံပေးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၄) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုခြင်းအတွက် ထောက်ခံပေးခဲ့ပါသည်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုခြင်းကို ထောက်ခံပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ တင်သွင်းမှုနဲ့ဖြန့်ဖြူးမှုကို လျင်မြန်စွာအတည်ပြုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ကတော့ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို အမေရိကန်-ဂျာမန် ကာကွယ်ဆေးဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၈) ရက်နေ့တွင်…

ကိုဗစ်ကာလ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုများလာ

မော်လမြိုင် ၊ ဇန်နဝါရီ (၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။ သထုံခရိုင် ထိန်းချုပ်နယ်မြေထဲက မွန်ပြည်သစ်ပါတီ ဌာနချုပ်မှာတော့ မူးယစ်ဆေးဖြတ်တာတွေကို ဆောင်ရွက်ပေးတဲ့အပြင် ဖမ်းဆီးအရေးယူမှုတွေကိုလည်း လုပ်ဆောင်နေတာပါ။ ကိုဗစ်ကာလမှာ အလုပ်အကိုင်မရှိဘဲ အားလပ်ချိန် များလာတာတဲ့အတွက် လူငယ်တွေဟာ ဈေးပေါပေါနဲ့ အလွယ်တကူဝယ်ယူရရှိနေတဲ့…