January 2021

ဆန္ဒပြ အိန္ဒိယလယ်သမားများ လယ်ထွန်စက်ယာဉ်တန်းများဖြင့် မြို့တော်သို့သွားရောက်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုများအတွက် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အဓိက လမ်းမကြီးကို ပိတ်ဆို့ကာ ဆန့်ကျင်ဆန္ဒပြနေတဲ့ သောင်းနှင့်ချီတဲ့လယ်သမားတွေဟာ အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားမတိုင်မီ မြို့တော်သို့ လယ်ထွန်စက် ယာဉ်တန်းများဖြင့် ယမန်နေ့က ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယသမ္မတနိုင်ငံအဖြစ်သတ်မှတ်ခဲ့တဲ့ အထိမ်းအမှတ်နေ့အဖြစ် သမိုင်းဝင် မြို့လယ်ခေါင်မှာ စစ်ရေးချီတက်ပွဲတစ်ခု ယနေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ရာ…

တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမိုကိုယ်စားပြုပေးဖို့ တောင်းဆို

မော်လမြိုင် ၊ဇန်နဝါရီ (၂၄) တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမို ကိုယ်စားပြုပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေမှာ အမျိုးသမီး (၁၁) ဦးပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၄) ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒီအမျိုးသမီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ မူဝါဒတွေ ၊…

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းတွေ ပို့ချပေးနေပါပြီး။ အိန္ဒိယနိုင်ငံက လက်ဆောင်ပေးလိုက်တဲ့ covid-19 ကာကွယ်ဆေး (၁)သန်းကျော် ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေဟာ လူဦးရေ (၇)သိန်းခွဲကျော်ကို ကနဦး ထိုးနှံနိုင်မှာဖြစ်ပြီး ကျန်းမာရေး ဝန်းထမ်တွေ ၊…

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ အမေရိကန် ပြန်လည် ပူးပေါင်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်များမှ လူများနှင့် စီးပွားရေးများအတွက် ကာကွယ်ရန် ပိုကောင်းတဲ့ နည်းလမ်းများနှင့်ပတ်သက်၍ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကို ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှု အမြင့်ဆုံး အဆင့်ဆွေးနွေးပွဲသို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သမ္မတ Joe Biden ဟာ ၎င်းအမေရိကန်ရဲ့ ပြန်လည်ဝင်ရောက်ခြင်းအကြောင်းကို ကြေညာပြီး…

ကိုဗစ်အတည်ပြုလူနာအတွက် တစ်ရက်ကုန်ကျစရိတ် ကျပ်(၅၀၀၀၀)ကျော် ရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ကိုဗစ်အတည်ပြုလူနာတစ်ဦးအတွက် တစ်ရက်တာ ဆေးကုသစရိတ်ဟာ ပျှမ်းမျှ (၅)သောင်းကျပ် ဝန်းကျင် ရှိနေပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို မော်လမြိုင်က ဆေးရုံ (၃)ခုနဲ့ သထုံက ဆေးရုံ(၁)ခုတို့မှာ စောင့်ကြည့် ကုသနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၂၅)ရက်နေ့အထိ စားရင်းတွေအရတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၃၃၀၀)ကျော်…

လွှတ်တော်အပေါ် အစိုးရ လေးစားမှု အားနည်းတယ်လို့ ဥက္ကဋ္ဌ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အပေါ် အစိုးရရဲ့ လေးစားလိုက်နာမှုဟာ အတော်လေး အားနည်းခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းမှာတော့ ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ထိ ကျင်းပခဲ့ပြီး အဆို (၅၁) ခုနဲ့ မေးခွန်း ( ၆၀၉)ခု တင်သွင်းမေးမြန်းခဲ့ပါတယ်။ လွှတ်တော်မှတ်တမ်းတွေအရ…

လွှတ်တော်မိတ်ဆက်ပွဲ NLD အနိုင်ရ ကိုယ်စားလှယ် (၁၂)ဦး မတက်ရောက်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) ဒုတိယအကြိမ် လွှတ်တော်နဲ့ တတိယကြိမ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မိတ်ဆက်ပွဲကို NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် (၁၂) ဦး မတက်ရောက်ခဲ့ပါဘူး။ ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ကျင်းပတဲ့ ဒီမိတ်ဆက်ပွဲမှာ ဒုတိယအကြိမ် လွှတ်တော် ငါးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်တာဝန် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေကို ရှင်းပြဖို့…

အချုပ်သားတွေ အစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ကူးစက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) မွန်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြင့် အချုပ်သားတွေ အစုလုံအပြုံလိုက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွေအရ အတည်ပြု လူနာ (၆၅) ဦး တွေ့ရှိခဲ့ပြီး (၃၄)ဦးဟာ အချုပ်သားတွေ ဖြစ်ပါတယ်။ ရေးမြို့မစခန်းမှာ အချုပ်ကျနေသူတွေကို RDT Test Kids နဲ့ စစ်ဆေးရာမှတဆင့်…

အာလီဘာဘာရဲ့ CEO ဂျက်မားဟာ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းရှေ့ ပြန်လည်ထွက်ပေါ်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) တရုတ် စည်းမျဉ်းကွပ်ကဲရေးအာဏာပိုင်အဖွဲ့ရဲ့ ဖြိုခွင်းခံရပြီးနောက် အာလီဘာဘာရဲ့ ဂျက်မားဟာ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အလီဘာဘာကို တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်မားဟာ နှစ်လကျော်ကြာ လူမြင်ကွင်းက ပျောက်နေခဲ့ပြီး သူနဲ့ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အပေါ် အဆုံးသတ်လိုက်တဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းဗီဒီယိုကနေ လူမြင်ကွင်းရှေ့ ပြန်လည်ရောက်ရှိလာတာ…

မီးလောင်မှုကြောင့် လူ(၁) ဦး​ သေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ဆုံးရှုံးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် လူ(၁) ဦးသေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ တစ်နှစ်တာအတွင်းမှာ မီးလောင်မှု ( ၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးက ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။ ရေးမြို့နယ် နဲ့ မော်လမြိုင်မြို့နယ်က မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပြည်နယ်တဝှမ်းမှာ အိမ်ခြေ…