January 29, 2021

ပြည်သူ့အကျိုးကို ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးကို ထမ်းဆောင်ရာမှာ ဥပဒေဘောင်အထဲက ဆောင်ရွက်ပေးဖို့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဟာ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ အခြားတိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး…

ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော် ကာကွယ်ဆေးထိုးနိုင်ရန် တင်ပြထား

မော်လမြိုင် ၊ ဇန်နဝါရီ (၂၉) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံတဲ့အခါ အဆင်သင့်ဖြစ်အောင် မွန်ပြည်နယ်က ပညာရေးဝန်ထမ်း (၁၈၀၀၀)ကျော်ကို စာရင်း ကောက်ယူပြီး ကျန်းမာရေးဝန်ကြီးဌာနထံ ပေးပို့ထားပါတယ်။ အိန္ဒိယက ချစ်ကြည်ရေးလက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေကို ဇန်နဝါရီလ (၂၇)ရက်နေ့မှာ စတင်ခဲ့တာပါ။ ကနဦးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံခဲ့တာဖြစ်ပြီး နောက်တဆင့်အနေနဲ့…

ကိုဗစ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေကို ရေငုံနှုတ်ပိတ်နေဖို့ တရုတ် အာဏာပိုင်တွေ ဖိအားပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) WHO အဖွဲ့ ရောက်ရှိနေစဉ် ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို တရုတ်အာဏာပိုင်တွေက ရေငုံနှုတ်ပိတ်နေဖို့ ဖိအားပေးနေပါတယ်။ ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်အာဏာပိုင်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒီရောဂါဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် မြို့တော်သို့ရောက်ရှိနေစဉ် နှုတ်ပိတ်နေဖို့ ဖိအားပေးခဲ့တယ်လို့…