မော်လမြိုင် ၊ ဇန်နဝါရီ (၂၈)

Chunyun လို့ခေါ်တဲ့ နွေဦးရာသီပွဲတော် ခရီးစဉ်ဟာ ကြာသပတေးနေ့မှာ တရားဝင်စတင်ခဲ့ သော်လည်း တရုတ်နိုင်ငံရဲ့ နေရာအချို့မှာ ဖြစ်ပွားမှုများခဲ့တဲ့ အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်မှုများ ထိန်းချုပ်မှုလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန် မိမိ အလုပ် ဒါမှမဟုတ် နေထိုင်တဲ့နေရာမှာဘဲ တိုင်းပြည်ရဲ့ အဓိကကျတဲ့ ရိုးရာအားလပ်ရက်ကို ကျင်းပဖို့ တရုတ်ပြည်သူတွေကို ပထမဆုံးအကြိမ် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး လူအများ ရွှေ့ပြောင်းမှုလို့ခေါ်တွင်တဲ့ ၎င်းနွေဦးရာသီခရီးစဉ်ဟာ ဒီနှစ်တွင် ခန့်မှန်းခြေလူဦးရေ ၁.၇ ဘီလီယံခန့်ရှိမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်ထက် ၄၀ ရာခိုင်နှုန်းကျဆင်းသွားတာဖြစ်ပါတယ်။ ယခုနှစ် လူဦးရေရာခိုင်နှုန်းဟာ ၂၀၂၀ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်း ပိုမြင့်နေတာလည်း ဖြစ်ပါတယ်။

ပုံမှန်ကျင်းပတဲ့ ပုံစံ မဟုတ်တဲ့ ယခုနှစ် နွေဦးပွဲတော်ကို ယခင်အတိုင်း ပျော်ရွှင်ဖွယ်ဖြစ်အောင်၊  လုံခြုံပြီး အံ့သြဖွယ် ကောင်းအောင်ပြုလုပ်ရန် ဗဟိုအစိုးရ ဌာနခြောက်ခုမှ အရာရှိတွေက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ  စာနာထောက်ထားမှုကို ပြတဲ့ နွေးထွေးတဲ့ အစီအစဉ်တွေကို ကြေငြာခဲ့ပါတယ်။

ရည်ရွယ်ချက်ကတော့ မွေးရပ်မြေသို့ မပြန်ရန် ရွေးချယ်သူများကို ၎င်းတို့၏မိသားစုများနှင့်အတူ အားလပ်ရက်အပြည့်အဝ ပျော်မွေ့နိုင်စေဖို့ အာမခံပေးရန်ဖြစ်ပြီး တစ်ချိန်တည်းမှာဘဲ ပြန်လာတဲ့သူတွေကိုလည်း တင်းကျပ်သည့် ကပ်ရောဂါထိန်းချုပ်မှု အစီအမံတွေကြောင့် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ထိုအစီအစဉ်တွင် အွန်လိုင်း ရုပ်မြင်သံကြားအစီအစဉ်များ တိုးမြှင့်ပေးခြင်း၊ အခမဲ့ အွန်လိုင်းပလက်ဖောင်း ဖျော်ဖြေရေးပွဲတွေနှင့် ၎င်းအစီအစဉ် လုပ်ငန်းများကို မိုဘိုင်းဒေတာများ အခမဲ့ပေးခြင်းအပြင် အခြားအစီအစဉ်များလည်းပါဝင်ပါတယ်။

“ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ နွေဦးရာသီ ပွဲတော်မှာ နေအိမ်မှာ နေထိုင်ဖို့ ရွေးချယ်ခြင်းဟာ တိုင်းပြည်တွင်း ဗိုင်းရပ်စ် နှိမ်နင်းရေးအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်ပါလိမ့်မယ်” လို့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အထွေထွေအတွင်းရေးမှူး Zhao Chenxin က ဗုဒ္ဓဟူးနေ့ State Council မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ပြည်တွင်းကူးစက်မှု ထိန်းချုပ်ရန်ခက်ခဲတဲ့ အခြေအနေများနှင့် တိုးမြင့်ဖြစ်ပွားမှုများကို  တစ်ချိန်တည်းမှာပဲ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လွန်ခဲ့သောတစ်နှစ်က လူများစွာဟာ မွေးရပ်မြေမှ နွေဦးရာသီပွဲသို့ ထွက်ခွာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်မိနေထိုင်ခဲ့ကြရပါတယ်။ ယခုနှစ်မှာတော့ တရုတ်လူမျိုးတွေဟာ သူတို့ လက်ရှိ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့နေရာမှာဘဲ နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်းဟံတလမွန်

REF  – Global Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.