ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး
မော်လမြိုင် ၊ ဇန်နဝါရီ (၂၇) မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ဒီကနေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဇန်နဝါလ (၂၂)ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာပါ။ အဲ့ဒီကာကွယ်ဆေးကိုတော့ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးဖို့ ပြည်နယ်နဲ့တိုင်းအလိုက် ခွဲတမ်းချပေးခဲ့ပါတယ်။ မွန်ပြည်နယ်ကိုတော့ မနေ့ညပိုင်းမှာ ကာကွယ်ဆေး…