January 18, 2021

အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး လူပေါင်း (၁၉၀၀၀၀)ကျော် ထိုးနှံခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) အိန္ဒိယ၏ COVID-19 ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်မှာ လူပေါင်း ၁၉၀,၀၀၀ ကျော်ဖြင့် အောင်မြင်စွာ စတင်နိုင်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး ကာကွယ်ဆေးထိုးခြင်းကို ခံယူခဲ့ကြကာ မည်သူမျှ ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံတွင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးနှင့် ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု အခြေအနေအစီရင်ခံစာများလည်း…

ပြည်နယ်ထွက်ငါးတွေကို သမဝါယမအသင်းက သက်သာစျေးနှုန်းနဲ့ ရောင်းချပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) မွန်ပြည်နယ်ထွက် ငါးတွေကို ပြန်လည်ဝယ်ယူပြီး ပြည်သူတွေကို စျေးနှုန်းသက်သာစွာနဲ့ သမဝါယမအသင်းက ရောင်းချပေးနေပါတယ်။ ကိုဗစ်ကာလမှာ စျေးကွက်ပျောက်ဆုံးနေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သမဝါယမအသင်းတို့ အခုလို ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ ငါးလုပ်ငန်းဟာ တရုတ်စျေးကွက်ကို (၉၀)ရာခိုင်နှုန်းနီးပါး မှီခိုနေရတာပါ။ ကိုဗစ်ကာလမှာ တရုတ်က ငါးဝယ်ယူမှု စည်းမျဉ်းတွေ…

မွန်ပါတီ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့မှာ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်း ၅…